Main menu

Background

နို့စိမ်းသာအဝင်ရှိခဲ့

Sun, 01/02/2011 - 07:10 -- Anonymous (not verified)

နို့စိမ်းသာအဝင်ရှိခဲ့                  ယခုသီတင်းပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၂ဝ ရက်မှ ၂၆ ရက်တာကာလအတွင်း စင်ကာပူနိုင်ငံဘက်မှ နို့စိမ်းတန်ချိန် ၁၇၄ တန်ကျော်၊ တန်ဖိုးကန်ဒေါ်လာ ၁၇၈၄၉ဝ ဖိုးကို ပင်လယ်ရေကြောင်း လမ်းကနေ တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်များက အင်တိုက်အားတိုက် သွင်းခဲ့တဲ့ နို့ဆီက ဒီတစ်ပတ်မှာ အဝင် မရှိခဲ့ပါဘူး။ နို့စိမ်းဘက်ကလည်း ပြည်တွင်းထွက် သွင်းကုန်အစားထိုးနို့နဲ့ နို့ ထွက်ပစ္စည်းတွေ သုံးစွဲလာမှုကြောင့် ပြည်ပအဝင် ခပ်ကဲျကဲျသာရှိပါတယ်။                     ဒီဇင်ဘာပထမပတ်မှာ နို့စိမ်းကို တန်ချိန်တစ်ရာကျော်သာ တင်သွင်းခဲ့ ပြီး ဒီသီတင်းပတ်မှာတော့ တန်ချိန် ၁၇ဝ ကျော် တင်သွင်းနိုင်ခဲ့တာတွေ့ရပါတယ်။ နို့မှုန့်အဝင်အနေနဲ့က တန်ချိန် ၈၅ တန်နီးပါးကို စင်ကာပူနိုင်ငံ၊ နယူး ဇီလန်နိုင်ငံ၊ စပိန်နိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံ စသည်ဖြင့် နိုင်ငံအသီး သီးကနေ ကလေးနို့မှုန့်နဲ့ စားသောက် ကုန်ကုန်ကြမ်းအဖြစ် တင်သွင်းလာတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်မှာ တော့ တန်ချိန် ၁၂ တန်သာတင်သွင်းခဲ့ တာကြောင့် ဒီတစ်ပတ်မှာ ပိုမိုတင်သွင်း နိုင်ခဲ့ပါတယ်။ MIRT (DOT)  နယ်စပ်မှနို့ဆီပြန်လည်တင်သွင်းလာ                    ဒီဇင်ဘာလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်းမှာ ကော့သောင်းနယ် စပ်က ကန်ဒေါ်လာ ၉၃၅ဝဝ တန်ဖိုးရှိ နို့ဆီ ၅၃ တန်( ၂၈ဝဝ ကာတွန်း) တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က နို့ဆီ နို့စိမ်းတင်သွင်းမှု မရှိခဲ့ပေမဲ့ ယခုအပတ် မှာတော့ နို့ဆီပြန်လည်တင်သွင်းလာခဲ့ ပြီး နို့စိမ်းတော့တင်သွင်းခြင်းမရှိဘူးလို့ သိရပါတယ်။ နို့ဆီ တစ်ကာတွန်းကို ကော့သောင်းပေါက်ဈေးက ၁၆ဝဝဝ ကျပ်ရှိပြီး ရနောင်းဘက်မှာတော့ ဘတ် ၅ဝဝဈေးပေါက်လျက်ရှိပါတယ်။ ဧပြီလ မှ ဒီဇင်ဘာလ ၂၈ ရက်ထိ ကာလ အတွင်း နယ်စပ်စခန်းများမှ နို့ဆီနို့စိမ်း တန်ချိန် ၃၂ဝဝ ကျော် တင်သွင်းထား ပြီးဖြစ်ပါတယ်။ နို့မှုန့်ကိုတော့ ယခု အပတ်မှာ မူဆယ်နယ်စပ်မှ ၃၁ တန်ခွဲ တင်သွင်းမှုရှိပြီး ၂၄ တန်က လိပ်ပြာ နှစ်ကောင်တံဆိပ် ၅ဝဝ ဂရမ်အထုပ် များဖြစ်ပြီး ၇ တန်ခွဲကိုတော့ နို့ဆီချက် လုပ်ရာမှာ ကုန်ကြမ်းအဖြစ်အသုံးပြုရန် တင်သွင်းခဲ့တာလို့ သိရပါတယ်။ ဧပြီလ မှ ဒီဇင်ဘာလထိ ကာလအတွင်း နို့မှုန့် တန် ၆ဝဝ နီးပါး တင်သွင်းထားပြီး ဖြစ် ပါတယ်။MIRT(DOBT)