Main menu

Background

နှမ်းနက်နဲ့ နှမ်းအခွံချွတ်တင်ပို့မှု ပိုမိုဆဲ

Sun, 01/02/2011 - 08:03 -- Anonymous (not verified)

နှမ်းနက်နဲ့ နှမ်းအခွံချွတ်တင်ပို့မှု ပိုမိုဆဲ               ဒီဇင်ဘာ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၄၆ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၁၃၂၈ တန်ကျော် နဲ့ချင်းရွှေဟော်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၇ သန်းတန်ဖိုးရှိ နှမ်းဖြူ တန် ၅ဝ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်ထိကာလ အတွင်းမှာ နှမ်းရောင်စုံ တန် ၁ဝဝဝ ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ နယ်စပ်များမှ နှမ်းရောင်စုံတင်ပို့မှုတန်ချိန် ၃၆ဝ ကျော် ပိုမိုခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်က နှမ်းနက် ၅၃၃ တန်နဲ့ နှမ်းအခွံချွတ် ၆၉ တန် တင်ပို့နိုင်ခဲ့ပြီး ယခုအပတ်မှာတော့ နှမ်းနက် ၇ဝ၉ တန်နဲ့ နှမ်းအခွံချွတ် ၃၁၆ တန် တင်ပို့ခဲ့တာမို့နှမ်းနက် ၁၇၆ တန်နဲ့နှမ်းအခွံချွတ် ၂၄၆ တန် ကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ နှမ်းဖြူတင်ပို့မှုက ၃ဝ၃ တန်သာရှိပြီး ယခင်အပတ်ကထက် တန် ၁ဝဝ ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ဧပြီလမှ ဒီဇင်ဘာလ ၂၈ ရက်အထိ နယ်စပ်မှ နှမ်းရောင်စုံ ၂၉၉၂၃ တန် တင်ပို့ ထားပြီးဖြစ်ပါတယ်။ ယခင်အပတ်က ထက် နှမ်းနက်ဈေးမြင့်တက် လျက်ရှိပြီး နှမ်းဖြူဈေး လျော့လျက်ရှိ တယ်လို့ သိရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံနှမ်းမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                              မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု             ယခင်           ပြောင်းလဲမှု      %        ယခု          ယခင်         ပြောင်းလဲမှု        %နှမ်းဖြူ            ၁၁၅၅၁ဝ၂      ၁၂ဝဝ၄၄၆          ၄၅၃၄၄         ၄         ၁၃၁၅       ၁၃၂၃               ၈              ဝ .၆နှမ်းနက်           ၁၅၂၇၅၇၄     ၁၄၇၅၉၃၇          ၅၁၆၃၇         ၃         ၁၅၈၇       ၁၅၇၉               ၈              ဝ .၅MIRT (DOBT)