Main menu

Background

အဝင်နည်းလို့ ဈေးမြင့်လာတဲ့ ပြည်မိုးနှမ်း

Sun, 01/02/2011 - 08:09 -- Anonymous (not verified)

အဝင်နည်းလို့ ဈေးမြင့်လာတဲ့ ပြည်မိုးနှမ်း                ပြည်ဈေးကွက်မှာ နှမ်းပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ မင်းတုန်း၊ ကံမနဲ့ အောင်လံ ဘက်မှ မိုးနှမ်းများ လှိုင်ချိန်က တစ်နေ့ အိတ် ၁၅ဝဝ ခန့် အဝင်ရှိပေမဲ့ မိုးနှမ်းတုံးလို့ ဆောင်းနှမ်းများ စိုက်ပျိုးနေချိန်မှာ တစ်နေ့အိတ် ၄ဝဝ မှ ၅ဝဝ သာ အဝင်ရှိတာကြောင့် နှမ်းအဝင်နည်းပြီး ဈေးအနည်းငယ်တက် လာခဲ့ပါတယ်။ နှမ်းနီကို မြို့ခံဆီစက်သမားများမှ ဆီကြိတ်ဖို့ အဝယ်ပုံမှန်ရှိနေလို့ နှမ်းနီ ၄၅ ပိဿာ တစ်အိတ်ကို ၇၂ဝဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်ထက် ဈေးမြင့် လာပါတယ်။ နှမ်းနက်ကို ရန်ကုန်တိုင်းဒေသကြီးသို့ ဒီဇင်ဘာလ အတွင်း နှမ်းအိတ် ၁ဝဝဝ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ နှမ်းနက် ၄၅ ပိဿာတစ်အိတ်ကို ၈ဝဝဝဝ ကျပ်ဈေး ဖြင့် ယခင်အပတ်ဈေးအတိုင်း ဈေးငြိမ်နေပါတယ်။                                                                  ဝေဝေမင်း