Main menu

Background

နို့ဆီနို့စိမ်း ယခင်နှစ်ကာလတူထက် တင်သွင်းမှုနည်း ပြည်တွင်းထုတ်ကို အစားထိုး သုံးစွဲခြင်းဟုဆိုနိုင်

Sun, 01/09/2011 - 06:13 -- Anonymous (not verified)

နို့ဆီနို့စိမ်း ယခင်နှစ်ကာလတူထက် တင်သွင်းမှုနည်း ပြည်တွင်းထုတ်ကို အစားထိုး သုံးစွဲခြင်းဟုဆိုနိုင်                  ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ နို့ဆီ ၆၄ဒသမ၅၈ တန်နဲ့ နို့စိမ်းတန်ချိန် ၆၈ တန် ကျော်တို့ကို ဈေးကွက်ဖြန့်ချိရန် အသီးသီးတင်သွင်းလာခဲ့ပါတယ်။ စင်ကာပူနိုင်ငံနဲ့ ထိုင်းနိုင်ငံဘက်မှ ဖြစ်ပါ တယ်။ ယခင်သီတင်းပတ်မှာ နို့ဆီတင် သွင်းခြင်းမရှိပဲ ယခုတစ်ပတ်မှသာ ပြန် လည်တင်သွင်းခြင်းဖြစ်ပါတယ်။ ဒီဇင် ဘာလတစ်လလုံး နို့ဆီ နို့စိမ်းအဝင်က ယခင်နှစ်အဝင်ထက် ကန်ဒေါ်လာ ၁ ဒသမ ၃၄၅ သန်းဖိုးခန့် လျော့နည်းခဲ့ပြီး ပြည်တွင်း ထုတ်ကုန်များ အစားထိုးသုံး စွဲတဲ့သဘော တွေ့ရပါတယ်။ သို့သော် နို့မှုန့်အဝင်မှာတော့ စက်မှုကုန်ကြမ်း ကဏ္ဍသုံး နို့မှုန့်များ တိုးမြှင့်တင်သွင်းခဲ့ တာကြောင့်ယခင်နှစ် ဒီဇင်ဘာလအဝင် ထက် သုည ဒသမ ၈၇၅ သန်းဖိုး အဝင် ပိုခဲ့ပါတယ်။ MIRT (DOT) နှစ်ကူးအားလပ်ရက်ကြောင့် နို့ထွက်ပစ္စည်း အသွင်းလျော့                     ယခုအပတ်မှာ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ လိပ်ပြာတံဆိပ် ၅ဝဝ ဂရမ် နို့မှုန့်၂၃ တန် ကာလတန်ဖိုး ၆၅၄၈၆ ဒေါ်လာဖိုးတင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၃ဝ ကျော် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ ယခု အပတ်မှာ ကော့သောင်းနယ်စပ်မှ နို့ဆီ နို့စိမ်း တင်သွင်းမှုမရှိခဲ့ပါဘူး။ တစ်ဖက် ထိုင်းနိုင်ငံမှာ ကုမ္ပဏီများ နှစ်ခုျပ်စာရင်း ရှင်းလင်းချိန်ဖြစ်ခြင်း၊ နှစ်သစ်ကူးပွဲတော် ဖြစ်ခြင်း၊ နယ်စပ်မှာ အလုပ်လာရောက် လုပ်ကိုင်သူများ မိမိနေရပ်သို့ခေတ္တပြန် သွားခြင်းတို့ကြောင့် နို့ဆီနို့စိမ်း တင် သွင်းမှု မရှိသလို အခြားကုန်ပစ္စည်းတင် သွင်းမှုများလည်း လျော့ကျခဲ့ရပါတယ်။MIRT(DOBT)