Main menu

Background

ရန်ကုန်ဝယ်လက်အေးပေမဲ့ ဒေသတွင်း လက်လီသမားများ ဝယ်ယူမှုရှိတဲ့ ပြည်ထောပတ်ပဲ

Tue, 08/23/2011 - 10:01 -- Anonymous (not verified)

ရန်ကုန်ဝယ်လက်အေးပေမဲ့ ဒေသတွင်း လက်လီသမားများ ဝယ်ယူမှုရှိတဲ့ ပြည်ထောပတ်ပဲ                 ပြည်ဈေးကွက်မှာ ပဲမျိုးစုံသီးနံှများ အဝင်အေးလာခဲ့ပြီး ဆီထွက်သီးနံှများသာ ဝင်ရောက်မှုများလာခဲ့ပါတယ်။ ဒါကြောင့် ထောပတ်ပဲသီးနံှမှာလည်း အဝင်မရှိ သလောက်ဖြစ်လာခဲ့ပါတယ်။ ပွဲရုံများမှ လက်ကျန်ပဲများသာ လက်လီသမားများဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ရန်ကုန်ဝယ်လက်များလည်း အဝယ် အေးသွားခဲ့ပြီး ယခုသြဂုတ်လ ဒုတိယပတ်အတွင်း တစ်တင်းကို ၁၆၅ဝဝ ကျပ်ဖြင့် ဈေးအပြောင်းအလဲမရှိဘဲ တစ်ရက်ကို ၁၅ အိတ်ခန့်သာ လက်လီသမားများ ဝယ်ယူမှုရှိကြောင်း သိရပါတယ်။                             ခင်ဆွေဝင်း