ယခုတစ်ပတ် မြေထောက်ပဲနဲ့ ထောပတ်ပဲ တင်ပို့မှုလျော့ ပယ်လယ်ရေကြောင်းမှ ပြည်ပသင်္ဘောတင်ပို့နိုင်မှုဟာ ဇူလိုင် ၃၁ ရက်မှ သြဂုတ်လ ၆ ရက်အထိ မြေထောက်ပဲ တန် ၁၇ဝ နဲ့၊ ထောပတ်ပဲတန် ၁၇ဝ ရှိကြောင်း သိရပါတယ်။ မြေထောက်ပဲကို စင်္ကာပူ၊ ရုရှား၊ အိန္ဒိယနိုင်ငံများကို တင်ပို့ပြီး၊ ထောပတ်ပဲကို ဂျပန်နဲ့၊ စင်္ကာပူနိုင်ငံများကို တင်ပို့ခဲ့ကြောင်းသိရပါတယ်။ ယခင်အပတ် မြေထောက်ပဲတင်ပို့မှု တန်ချိန် ၃၃ဝ၊ ထောပတ်ပဲတင်ပို့မှုတန်ချိန် ၂၇ဝ ကျော်ရှိခဲ့တာကြောင့် ယခုအပတ် တင်ပို့မှု လျော့ခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၅ ရက်အထိ မြေထောက်ပဲတင်ပို့မှုမှာ တန်ချိန် ၅၇ဝဝ ကျော်၊ ထောပတ်ပဲ တင်ပို့မှုမှာ တန်ချိန် ၁ဝဝဝဝ ဝန်းကျင်ရှိခဲ့ပါတယ်။ ယခင်နှစ်ကာလတူ တင်ပို့မှုမှာ မြေထောက်ပဲတန်ချိန် ၄ဝဝဝ ကျော်၊ ထောပတ်ပဲတန်ချိန် ၈ဝဝဝ ကျော်နဲ့ နှိုင်းယှဉ်ရင် ယခုဘဏ္ဍာနှစ်က ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ MIRT - MAPT
Background