Main menu

Background

ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများအတွက် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးမည်

Tue, 08/23/2011 - 10:08 -- Anonymous (not verified)

ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများအတွက် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးမည်                 ယခုလအတွင်း မြန်မာနိုင်ငံတစ်ဝန်း ရေလွှမ်းမိုးမှုများဖြစ်ပွားလျက်ရှိရာ ယင်းကဲ့သို့ရေလွှမ်းမိုးမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့ ရသည့်လယ်ယာမြေများအတွက် လယ်ယာစိုက်ပိုျးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တောင်သူလယ်သမားများအား ပံ့ပိုးကူညီမှု များ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သြဂုတ် ၁၂ရက်က ကျင်းပခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် လယ်ယာစိုက်ပိုျးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက ရှင်းလင်းပြောကြားသွားခဲ့သည်။ ဒုတိယဝန်ကြီးဦးအုန်းသန်းက ''ရေကြီးနစ်မြုပ်မှုတွေနဲ့ပတ်သက်ပြီး ရေကျသွားတဲ့အခါမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေ နဲ့ တောင်သူလယ်သမားများ စပါးပြန်လည်စိုက်ပျိုးနိုင်အောင် လိုအပ်ချက်တွေဖြစ်တဲ့ မျိုးများကို ကြိုတင်ရှာဖွေစုဆောင်းထားပြီး မျိုးအပါအဝင် အခြားပံ့ပိုးမှုများကို လိုအပ်သလို ကူညီပံ့ပိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အလားတူပဲ နောင်နှစ်တွေ မှာ ရေလွှမ်းမိုးမှုမရှိအောင် နိုင်ငံတော်သမ္မတကြီးရဲ့လမ်းညွှန်ချက်နဲ့အညီ ဆည်မြောင်းဦးစီးဌာနက မိုးကုန်သွားတဲ့အခါ သက်ဆိုင်ရာကွင်းတွေကို တိုင်းတာပြီး လုပ်သင့်လုပ်ထိုက် တဲ့ ရေမြောင်းများ တူးဖော်ခြင်း၊ ရေတံခါးများ ဆောင်ရွက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒုတိယသမ္မတကြီးဦးစီးတဲ့ ကရင်ပြည်နယ်ခရီးစဉ်မှာလည်း အလားတူစီမံဆောင်ရွက်ပေးခဲ့ပါတယ်''ဟု ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။ မယ်သီတာ