Main menu

Background

အက်ဖ်အီးစီများကို ရုပ်သိမ်းပြီး Exchange Rate ကို တစ်ပြေးညီ သတ်မှတ်ပေးမည်

Tue, 08/23/2011 - 10:11 -- Anonymous (not verified)

အက်ဖ်အီးစီများကို ရုပ်သိမ်းပြီး Exchange Rate  ကို တစ်ပြေးညီ သတ်မှတ်ပေးမည်               သြဂုတ် ၁၂ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးရုံး စုဝေးခန်းမတွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းကို တစ်ပြေးညီသတ်မှတ်ပေးပြီး အက်ဖ်အီးစီများကို ရုပ်သိမ်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်းက ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။            အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးသန်းငြိမ်းက ''Exchange Rate  က ကျွန်တော်တို့နိုင်ငံရဲ့ Monetary Policy မှာ အရေးကြီးတဲ့ ကိရိယာတစ်ခုဖြစ်တော့ ဒီကိစ္စကို ကျွန်တော်တို့ အထူးအလေးထားဆောင်ရွက်ဖို့ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံနဲ့ပြည်သူ အကျိုးစီးပွားနဲ့နေ့စဉ်လူမှုစီးပွားဘဝတွေမှာ ထိခိုက်မှုမရှိစေဖို့ ဦးစားပေးပြီး အိုင်အမ်အက်ဖ်နဲ့ ပူးပေါင်းဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ Exchange Rate Unification ကိစ္စ ဆောင်ရွက်ရင် အက်ဖ်အီးစီရုပ်သိမ်းရေးကိစ္စကလည်း အလိုအလျောက်ပါသွားမှာ ဖြစ်ပါတယ်။ အဲဒီလိုရုပ်သိမ်းတဲ့အခါမှာ အက်ဖ်အီးစီလက်ဝယ် ရှိတဲ့ နိုင်ငံသားများအနေနဲ့ နစ်နာမှုမရှိစေဖို့ အက်ဖ်အီးစီ အစား သူနဲ့ညီမျှတဲ့ နိုင်ငံခြားငွေအမေရိကန်ဒေါ်လာဖြစ်စေ(ဒါမှမဟုတ်) အဲဒီအချိန်မှာ ရှိတဲ့ သတ်မှတ်ထား တဲ့ပေါက်ဈေး နဲ့ညီမျှတဲ့ ကျပ်ငွေဖြစ်စေ ရရှိမှာဖြစ်ပါတယ်။ နစ်နာမှုမရှိစေဖို့အတွက် တာဝန်ယူဆောင်ရွက်ပေး မှာဖြစ်ပါတယ်'' ဟု ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ မယ်သီတာ