Main menu

Background

ပြည်ပဲတီစိမ်းအရောင်းအေးသလို ဈေးလည်းအေးနေ

Tue, 08/23/2011 - 10:15 -- Anonymous (not verified)

ပြည်ပဲတီစိမ်းအရောင်းအေးသလို ဈေးလည်းအေးနေ                   သြဂုတ်လ ဒုတိယပတ်အတွင်း ပြည်ပဲဈေးကွက်သို့  ပဲတီစိမ်း ဝင်ရောက်မှု အဝင်ပါးလာခဲ့ပါတယ်။ ဇူလိုင်လ အတွင်း ပဲတီစိမ်းသီးနံှမှာ အဝင်များခဲ့ပြီး အရောင်းသွက်တယ် လို့ သိရပါတယ်။ သြဂုတ်လဆန်းမှစ၍ ယခုတစ်ပတ်အထိ အဝင်ပါးလာသလို အရောင်းအဝယ်လည်းအေးနေခဲ့ပါတယ်။ ပဲတီစိမ်းဈေးနှုန်းမှာ ထိပ်စတစ်တင်း ၁၅ဝဝဝ ကျပ်နဲ့ ရိုးရိုးစမှာ တစ်တင်း၁၄၅ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် ဈေးကျသွား ခဲ့ပါတယ်။ မန္တလေးဝယ်လက်နဲ့ ရနု်ကုန်ဝယ်လက်များ အဝယ် ရှိခဲ့ပြီး၊ ယခုတစ်ပတ်မှာ မန္တလေးဝယ်လက်အဝယ်အေးခဲ့ပြီး ရန်ကုန်သို့ အိတ် ၄ဝဝ ခန့်သာ တင်ပို့နိုင်ခဲ့ကာ ဒေသတွင်း အရောင်းအဝယ်ဖြစ်မှု ပမာဏအနေဖြင့် တစ်ရက်ကို အိတ် ၂ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း