Main menu

Background

အိန္ဒိယကုလားပဲဈေးကွက်တွင် သီးနံှအသစ်ဝင်သော်လည်း ဈေးနှုန်းအားနည်းဆဲ

Tue, 08/23/2011 - 10:26 -- Anonymous (not verified)

အိန္ဒိယကုလားပဲဈေးကွက်တွင် သီးနံှအသစ်ဝင်သော်လည်း ဈေးနှုန်းအားနည်းဆဲ                အိန္ဒိယပြည်တွင်း ဈေးကွက်အတွင်း ကုလားပဲဈေးနှုန်း အားနည်းနေဆဲဖြစ်ပြီး ဝယ်လိုအားလည်း အကန့်အသတ်ရှိဆဲဖြစ်ပါတယ်။ သြစတြေးလျမှ သီးနံှအသစ်များ စတင်ရောက်ရှိနေပြီး၊ လာမည့်လတွင် ကျင်းပမည့် ပွဲတော်ရာသီတွင် ဝယ်လိုအား တက်နိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ စက်တင်ဘာ၊ အောက်တို ဘာအတွင်း စတင်မည့် သီးနံှရာသီ၏ ကနဦး အခြေအနေက သီးနံှစိုက်ပျိုးထုတ် လုပ်မှုအတွက် အရေးကြီးပြီး၊ ဈေးနှုန်းအတွက်လည်း တွန်းအားပေးကြောင်းသိရပါတယ်။ လက်ငင်းဈေးကွက်တွင် ကုလားပဲဈေးနှုန်းများ တက်ချည်ဆင်းချည် ဖြစ်နေ ပါတယ်။ သွင်းကုန်ကုလားပဲများ၏ ဈေးမြင့်ပြီး အဓိကဈေးကွက်များတွင် အရောင်း အဝယ်အားနည်းနေကြောင်း သိရပါတယ်။ သြဂုတ်လ ၁၁ ရက်နေ့တွင် ဈေးကွက် ဝယ်လိုအား တက်လာပြီး ရာသီပွဲတော်အတွက် ကုလားပဲထုတ်ကုန်များ၏ ဝယ်လို အားက ဈေးနှုန်းကို အထောက်အပံ့ပေးကြောင်း သိရပါတယ်။ သြစတြေးလျ၌ သီးနံှ ရိတ်သိမ်းနေပြီဖြစ်ပြီး လာမယ့် ရာသီအတွက် သီးနံှအထွက် ပိုမိုကောင်းမွန် တဲ့ အခြေအနေရှိပြီး ဈေးနှုန်းပေါ်၌ ဖိအားပေးကြောင်း သိရပါတယ်။ ဈေးကွက် အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် -                 ဒေါ်လာ/ တန်                ၁၁-၈-၁၁       ၁ဝ-၈-၁၁      ၉-၈-၁၁           ၈-၈-၁၁မွန်ဘိုင်း     ၅၇၄-၅၉၆        ၅၈၆-၆ဝ၈     ၅၉၈-၆ဝ၉       ၅၈၉-၆ဝ၁ဒေလီ        ၆၄၁-၆၄၆        ၆၄၁-၆၄၇     ၆၅၃-၆၅၉       ၆၅၆-၆၆၂ကန်ပါ            ၆၇၄              ၆၆၁          ၆၇၅              ၆၈၃MIRT(MAPT)