ဈေးဆက်လက်မာတဲ့ မုံရွာ V2 သြဂုတ်လ ဒုတိယပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ V2 ဈေးဆက် လက်မာနေပြီး ကျန်ကုလားပဲများလည်း ဈေးတန့်နေတာတွေ့ရပါတယ်။ ပြည်ပ ပို့ကုန်အတွက် မန္တလေးနဲ့ ရန်ကုန် ဝယ်လက်ပုံမှန်ဆွဲလို့ ဒီတစ်ပတ် V2 ဈေးဟာ တစ်တင်း ၂၁၁ဝဝ ကျပ်က ၂၁၃ဝဝ ကျပ်အတွင်း ဈေးမာနေခဲ့ပြီး တစ်ရက်ပျမ်းမျှ အိတ် ၁ဝဝဝ အရောင်းအဝယ် ဖြစ်နေကာ အဝယ်လိုက်တဲ့ နေ့တွေမှာ တစ်ရက် အိတ် ၆ဝဝဝ ခန့််အထိ အရောင်းအဝယ် ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းနဲ့ ဒေသသုံး ကုလားပဲတွေဖြစ်ကြတဲ့ ကုလားပဲ တိုင်ပေက ဒီတစ်ပတ်အတွင်း တစ်တင်း ၁၆၇ဝဝ ကျပ်မှာ ငြိမ်နေပါတယ်။ ကုလားပဲရိုးရိုးအနေနဲ့ တစ်တင်း ၁၅၃ဝဝ ကျပ် ဝန်းကျင်နဲ့ အရောင်းအဝယ်ပုံမှန်ရှိသလို 929 ကုလားပဲကတစ်တင်း ၁၆၈ဝဝ ကျပ် မှ ၁၆၄ဝဝ ကျပ်အတွင်း ဈေးပေါက်ခဲ့ပါတယ်။ ပြည်တွင်းသုံး ကုလားပဲကတော့ ကုန်စည်ဒိုင်ဈေးကွက်မှာ တစ်ရက် အိတ် ၅ဝဝ မှ ၁ဝဝဝ ကြားနေ့စဉ် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ စီးထွက်မှုအနေနဲ့ ယခုတစ်ပတ်အတွင်း မန္တလေး ကို တင်း ၅ဝဝဝ ကျော်နဲ့ ရန်ကုန်ကို တင်း ၉ဝဝဝ နီးပါးရှိခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွနွန်းးလှိုှုငိင်
Background