မတ်ပဲ FOB အရောင်းအဝယ် ယခုအပတ် အနည်းငယ်ပို ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြဂုတ်လ ၅ ရက်မှ သြဂုတ်လ ၁၁ ရက်အတွင်း FOB စာချုပ်ချုပ်နိုင်မှုမှာ တန် ၁၇ဝဝဝ ကျော်ရှိလို့ ယခင်အပတ် ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၄ ရက်အတွင်း FOB စာချုပ် ချုပ်နိုင်မှု တန် ၁၆ဝဝဝ ထက် အနည်းငယ်ပိုခဲ့ပါတယ်။ ယခင်အပတ်က အိန္ဒိယက မတ်ပဲဈေးလျော့ဝယ်တာကြောင့် ဈေးလျော့ ခဲ့သော်လည်း ယခုအပတ် မတ်ပဲ ဈေး ပြန်မြင့်လာပါတယ်။ အိန္ဒိယမှာ စိုက်ဧကလျော့တဲ့ သတင်းများကြောင့် ဝယ်ယူမှု ပုံမှန်ရှိလို့ ဘုရင့်နောင်ဈေးကွက်မှ ပုံမှန်အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင်အပတ်နဲ့ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၁၁-၈-၁၁ ၇၅၅-၇၇၅ ၈၄ဝ-၈၆ဝ၄-၈-၁၁ ၇၅ဝ-၇၆ဝ ၈၄ဝ-၈၆ဝMIRT(MAPT)
Background