အိန္ဒိယမတ်ပဲ အရောင်းအေး၍ ဈေးလည်းငြိမ် အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွင် ဈေးနှုန်းမတည်မငြိမ်ဖြစ်နေသော် လည်း ထူးခြားသည့် အပြောင်းအလဲမရှိကြောင်းနှင့် သွင်းကုန်များလည်း ဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။ လုံလောက်တဲ့ မိုးရွာသွန်းမှုရှိပြီး ပြင်းထန်သည့် ပိုးမွှားနှင့် ရောဂါကျရောက်မှုမရှိကြောင်း သိရပါတယ်။ ဈေးကွက်ဝယ်လိုအား အကန့်အသတ်ရှိဆဲဖြစ်ပြီး၊ မကြာမီကာလများအထိ ဈေးမြင့်တက်ဖွယ်မရှိကြောင်း သိရပါတယ်။ နယ်အသီးသီးမှ မတ်ပဲအသစ်များ သြဂုတ်၊ စက်တင်ဘာတွင် စတင် ဝင်ရောက်လာနိုင်ပြီး ကုန်သည်များက သီးနံှအရည်အသွေး အတွက် စိတ်လှုပ်ရှား နေကြကြောင်းလည်းသိရပါတယ်။ အဓိက ဈေးကွက်များတွင် အရောင်းအဝယ် အေးလျက်ရှိပြီး၊ နိုင်ငံ၏ အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုများခြင်းက သီးနံှစိုက်ပျိုးမှုကို နောက်မကျစေကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် အချို့ ဒေသများတွင် အစောပိုင်းက စိုက်ပျိုးထားသော သီးနံှများမှာ မိုးရွာသွန်းမှုကြောင့် ရင့်မှည့်ချိန် နောက်ကျနိုင်ကြောင်းသိရပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/ တန် ၁၁-၈-၁၁ ၁ဝ-၈-၁၁ ၉-၈-၁၁ ၈-၈-၁၁မွန်ဘိုင်း ၈၁၂ ၈၁၈-၈၂၁ ၇၉၇-၈ဝ၃ ၇၉ဝ-၈ဝ၁ဒေလီ ၈၃၉-၈၈၄ ၈၁၈-၈၆၃ ၈ဝ၈-၈၄၁ ၈၁၂-၈၄၅ချန်နိုင်း ၈၁၇-၉၃၃ ၈၁၈-၉၃၅ ၈ဝ၈-၉၁၉ ၈ဝ၆-၉၂၃MIRT(MAPT)
Background