ပြည်မတ်ပဲ ဈေးအနည်းငယ်လှုပ်လာ ပြည်မြို့ရဲ့ ပဲဈေးကွက်များ မတ်ပဲ ဈေးအေးနေခဲ့ရာမှ ယခုရက်မှာ ဈေး အနည်းငယ် ပြန်လှုပ်လာတာ ကို တွေ့ရပြီး တစ်တင်းကို ၁၇ဝဝဝ ကျပ် ဈေးရှိ တယ်လို့သိရပါတယ်။ ပြည်သို့မတ်ပဲ အဝင်ပါးလာပြီး ကုန်သည်များ လက်ဝယ်ရှိ လက်ကျန် ပဲများနဲ့ အပ်ပဲသမား များသာ ထုတ်ရောင်းကြတယ်လို့ ပဲကုန် သည်တစ်ဦးက ပြောပါတယ်။ ရန်ကုန်ဝယ်လက်အဝယ်ရှိနေပြီး၊ တစ်နေ့ကို အိတ် ၃ဝဝ-၄ဝဝ ခန့် အဝယ်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်- ဘုရင့်နောင်သို့ ပဲခူးတိုင်းဒေသကြီး အနောက်မှ မတ်ပဲ တင်ပို့မှုကတော့ ယခင်တစ်ပတ်က ထက် ယခုတစ်ပတ် ပဲတင်ပို့မှုများပြီး တစ်နေ့ကို အိတ် ၄ဝဝဝ ကျော်ခန့် တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ မိမိအေး
Background