ထိုင်းအစိုးရသစ်၏ ဆန်စပါးအပေါင်ခံမည့်အစီအစဉ်ကြောင့် ငွေကြေးဖောင်းပွမှုရှိလာနိုင်
ထိုင်းအစိုးရသစ်၏ ဆန်စပါးအပေါင်ခံမည့်အစီအစဉ်ကြောင့် ငွေကြေးဖောင်းပွမှုရှိလာနိုင် ထိုင်းအစိုးရသစ်က လယ်သမားတွေထံမှ ဆန်စပါးအပေါင်ခံမဲ့ အစီအစဉ်အရ စပါးတစ်တန်ကို ၁၅ဝဝဝ ဘတ် (ကန်ဒေါ်လာ ၅ဝဝ ဝန်းကျင်) ပေးပြီး ဝယ်ယူမှာဖြစ်သလို ဆန်မွှေး (ဟုန်မာလီဆန်) စပါးတစ်တန်ကို ၂ဝဝဝဝ ဘတ် (ကန် ဒေါ်လာ ၆၆ဝ ဝန်းကျင်) ပေးပြီးဝယ်ယူမှာ ဖြစ်တယ်။ ၎င်းနှုန်းထားတွေပေးပြီ ဝယ်ယူခြင်းက ပြည်တွင်းဆန်ဈေးကိုသာမက နိုင်ငံတကာ ဆန်ဈေးနှုန်းကိုပါ မြင့်မားစေမယ်လို့ ဆန်တင်ပို့သူတွေနဲ့ ကုန်သည်တွေ က ဝေဖန်ပြောဆိုလာကြတယ်။ ဒါ့အပြင် ထိုင်းဘဏ် (Bank of Thailand) ကလည်း ''အစိုးရရဲ့ ဆန်စပါး အပေါင်ခံတဲ့ စီမံကိန်းအပါအဝင် စီးပွားရေးလှုံ့ဆော်မှု စီမံကိန်းတွေက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးမဆောင်နိုင်တဲ့ အပြင်ငွေကြေးဖောင်းပွမှုကိုသာဖြစ်စေမယ်'' လို့ စိုးရိမ်ပူပန် လာတယ်။ ယခင်ကလည်း ဆန်စပါး အပေါင်ခံတဲ့ စနစ်ကျင့်သုံးခဲ့ရာမှာ အကျင့်ပျက် ခြစားမှုတွေ ရှိခဲ့တဲ့အပြင် သိုလှောင်ထားတဲ့ ဆန်တွေ ထုတ်ရောင်းရာမှာလည်း ကြီးမားတဲ့ ဆုံးရှုံးမှုတွေရှိခဲ့ကြောင်း သိရတယ်။ ယခင်စီမံကိန်းအရ အစိုးရအနေနဲ့ လယ်ယာ စိုက်ပျိုးရေးဘဏ်နဲ့ လယ်ယာစိုက်ပျိုးရေးသမဝါယမ (BAAC) ကို ဘတ်ငွေ ၁၆ဝ ဘီလီယံ ပြန်လည်ပေးချေရဦးမှာ ဖြစ် ကြောင်း သိရတယ်။ လက်ရှိအကောင်အထည်ဖော်မဲ့ ဆန်စပါးအပေါင်ခံရေးစီမံကိန်းအရ ထိုင်းဗဟိုဘဏ်အနေနဲ့ ဘတ်ငွေ ၁ဝဝ ဘီလီယံ (ကန်ဒေါ်လာ ၃ ဘီလီယံ ဝန်းကျင်) သုံးစွဲဖို့ သတ်မှတ်ထားရတယ်။ ဒါကြောင့် အစိုးရအနေနဲ့ လယ်သမားတွေထံမှ ဆန်စပါးကို ပမာဏအကန့်အသတ်နဲ့သာ ဝယ်ယူသွားစေလိုကြောင်း သိရတယ်။ ဆန်စပါး အပေါင်ခံရေးစီမံကိန်းရဲ့ ရည်ရွယ်ချက်မှာ ဈေးကွက်အတွင်း ဆန်ရောင်းလိုအားမြင့်မားမှုမရှိစေဖို့ဖြစ်ပြီး ဈေးကွက် အတွင်း ဆန်ဈေးကျလာမှသာ အစိုးရအနေနဲ့ ဈေးကွက် အတွင်းဝင်ရောက်စွက်ဖက်ကာ ဆန်ဝယ်ယူသိုလှောင်တဲ့အနေနဲ့ ဈေးနှုန်းတည်ငြိမ်အောင် ထိန်းသိမ်းသင့်ကြောင်း ထိုင်း ဗဟိုဘဏ်က ပြောကြားခဲ့ပါတယ်။ ပပ၊Source:oryza.com,Bangkokpost.com
