Main menu

Background

ယနေ့ကမ္ဘာ့ရွှေဈေးကွက်က ပေါက်ကွဲလုနီးပါး ပူဖောင်းတစ်လုံးအသွင် ဆောင်လာ

Wed, 08/24/2011 - 04:03 -- Anonymous (not verified)

ယနေ့ကမ္ဘာ့ရွှေဈေးကွက်က ပေါက်ကွဲလုနီးပါး ပူဖောင်းတစ်လုံးအသွင် ဆောင်လာ                   ရင်းနှီးမြှုပ်နံှသူတွေက ရွှေကိုသာယုံကြည်စိတ်ချရမှုအရှိဆုံး ဓနဥစ္စာအဖြစ် ဝယ်ယူမှုမြင့်မားလာခြင်းကြောင့် ယနေ့ ကမ္ဘာ့ရွှေဈေးကွက်က ပေါက်ကွဲလုနီးပါး ပူဖောင်းတစ်လုံးအသွင် ဆောင်လာ တယ်လို့ wells fargo & co.  က ပြော ကြားပါတယ်။                        ယခုနှစ်အတွင်း ရွှေကြိုပွိုင့်ဈေးနှုန်း တွေ ၂၆ ရာခိုင်နှုန်း မြင့်မားခဲ့တဲ့အပြင် သြဂုတ်လအတွင်း လက်ငင်းအရောင်း ရွှေဈေးနှုန်းကလည်း တစ်အောင်စကို ၁၈၁၇ ဒသမ ၆ဝ ဒေါ်လာအထိ စံချိန် သစ်တင် မြင့်မားခဲ့တယ်။ ရင်းနှီးမြှုပ်နံှသူတွေရဲ့ ဝယ်လိုအား အပြင် ကမ္ဘာ့နိုင်ငံအချို့ရဲ့ ဗဟိုဘဏ် တွေမှ ရွှေဝယ်လိုအားကလည်း ရွှေဈေး နှုန်းကို မီးထိုးပေးခဲ့တယ်။ ယခုနှစ် ဇူလိုင်လအတွင်း ထိုင်း၊ တောင်ကိုရီးယား၊ ကာဇက်စတန်နိုင်ငံတို့က ၎င်းတို့အရန် နိုင်ငံခြားငွေသိုလှောင်မှုမှာ ငွေကြေး အပြင် ရွှေကိုပါ ဖြည့်သွင်းလာရာ စုစုပေါင်း ကန်ဒေါ်လာ ၂ ဒသမ ၅၆ ဘီလီယံဝန်းကျင်တန်ဖိုး ဝယ်ယူသိုလှောင်ခဲ့တယ်လို့ သိရပါတယ်။ Source:Bloomberg.com, ပပ