Main menu

Background

တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် ကြေးနီဈေးနှုန်းမြင့်တက်

Wed, 08/24/2011 - 04:11 -- Anonymous (not verified)

တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် ကြေးနီဈေးနှုန်းမြင့်တက်                လန်ဒန်သတ္တု ကြိုပွိုင့်ရောင်းဝယ်ရေး London Metal Exchange(LME) မှာ တရုတ်နိုင်ငံရဲ့ ကြေးနီဝယ်လိုအားဆက်လက်ကောင်းမွန်မှုကြောင့် ဈေးနှုန်းမြင့် မားသွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ရှန်ဟိုင်းကြိုပွိုင့်ရောင်းဝယ်ရေးမှာ နိုဝင်ဘာလ သင်္ဘောတင်မဲ့ ကြေးနီဈေးနှုန်းက သုည ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ကာ တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၄၅၅ ကိုရောက်ရှိသွားကြောင်း သြဂုတ် ၁၇ ရက် သတင်းအရ သိရှိရပါတယ်။ LME  အပါအဝင် ကမ္ဘာကြေးနီသိုလှောင်ရုံတွေမှာ သိုလှောင်ထားမှုက ၃ ပတ်ဆက်တိုင် ကျဆင်းသွားခဲ့ပြီး သြဂုတ် ၁၂ ရက်မှာ တန်ချိန် ၄၆၁၇၇၅ သာရှိကြောင်း သိရှိရပါတယ်။ ဒါ့အပြင် သြဂုတ် ၁၆ ရက်က အာရှမှာ သိုလှောင်ထားမှုက တန်ချိန် ၁၇၃၅၇၅ ကိုလျော့ကျသွားရာ ဧပြီလနောက် ပိုင်းအနည်းဆုံးကို ရောက်ရှိသွားခဲ့ပါတယ်။                         သြဂုတ်လအတွင်း အမေရိကန်ပြည်ထောင်စုရဲ့ Credit Rating  ကို တစ်ဆင့်လျှော့ချသတ်မှတ်လိုက်ခြင်း၊ ဥရောပြွေကးမြီ အကျပ်အတည်း ပြဿနာ အပေါ် စိုးရိမ်ပိုလာခြင်းတို့ကြောင့် ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန် လာမှုကို ထိခိုက်မည်ဟု စိုးရိမ်လာကြတယ်။ ဒါကြောင့် သြဂုတ် ၉ ရက်မှာ ကြေးနီဈေးနှုန်းက ၈ လအတွင်း အနိမ့်ဆုံးရောက်ရှိကာ တစ်တန်ကို ကန်ဒေါ်လာ ၈၄၄၆ ဒသမ ၂၅ ကိုကျဆင်းသွားခဲ့ရပါတယ်။                             ဒီလို ကြေးနီဈေးနှုန်း ပြန်လည်ကောင်းမွန်လာခဲ့ခြင်းမှာ တရုတ်နိုင်ငံရဲ့ ဝယ် ယူမှုကြောင့်သာဖြစ်ကြောင်း Barclays Capital  အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Source:Bloomberg.com, အေးမွန်မွန်လှိုင်