စိတ်လှုပ်ရှားဖွယ်ဖြစ်လာသော ကမ္ဘာ့ရေနံစိမ်းဈေးကွက် သုံးပတ်ကြာကျဆင်းခဲ့တဲ့ ရေနံစိမ်းဈေးနှုန်းတွေ သြဂုတ်လ ၁ဝ ရက်မှစပြီး ပြန်လည်အားကောင်းလာခဲ့ရာ သြဂုတ် ၁၅ ရက် ဈေးနှုန်းအတက်အကျ ရောထွေးနေတယ်။ ယခုအပတ် ထုတ်ဝေမဲ့ အစီရင်ခံစာတွေမှာ ကမ္ဘာ့ရေနံစိမ်း သုံး စွဲမှုအများဆုံး အမေရိကန်ရဲ့ အိမ်ရာလုပ်ငန်းတွေ ဇူလိုင်လမှာလည်း ဆက်လက် အားနည်းနေခြင်းနဲ့ လွန်ခဲ့တဲ့ သုံး လပတ်က ဥရောပဒေသ တိုးတက်မှု လျော့လာခြင်းကို ဖော်ပြမယ်လို့ ခန့်မှန်း ကြတယ်။၎င်းအပြင် ဧပြီလမှ ဇွန်လ အတွင်း ဂျပန်စီးပွားရေး ၁ ဒသမ ၃ ရာခိုင်နှုန်း ကံျု့သွားခြင်း (မျှော်မှန်း ထားတဲ့ရာခိုင်နှုန်းမှာ ၂ ဒသမ ၅ ရာခိုင်နှုန်း) ကလည်း ရေနံဈေးကွက်အတွက် ဖိအားတစ်ရပ်ဖြစ်လာတယ်လို့ ဆိုကြတယ်။ နယူးယောက် ကုန်စည်ရောင်း ဝယ်ရေးမှာ သြဂုတ် ၁၅ ရက် ရေနံစိမ်း ဈေးကွက်ရှိ ဈေးနှုန်းတွေအရ စက်တင်ဘာလ အရောက်ပို့ရေနံစိမ်းမှာ တစ်စည်ကို ၈၅ ဒသမ ၃၂ ဒေါ်လာနဲ့ ဈေး နှုန်းပြောင်းလဲမှုမရှိတည်ငြိမ်နေကြောင်း သိရတယ်။ လန်ဒန်အခြေစိုက် ICE Futures Europe Exchange မှာ စက်တင်ဘာလ အရောက်ပို့ ဘရန့် အမျိုးအစား ရေနံစိမ်းက တစ်စည်ကို ၄၁ ဆင့်မြင့်မားကာ ၁ဝ၈ ဒသမ ၄၄ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရတယ်။ ဆစ်ဒနီရှိ Commodity Broking Services Pty မှ ဦးဆောင်ညွှန်ကြားရေးမှူး ဂျွန်နသန် ဘားရက်ကမူ ''ဈေးကွက်က စိတ်လှုပ်ရှားဖွယ်ကောင်းကြောင်း၊ မိမိအနေနဲ့ ၂ဝ၁၁ ခုနှစ်အတွက် ရေနံစိမ်းတစ်စည် ရဲ့ ပျမ်းမျှဈေးနှုန်းကို ဒေါ်လာ ၁ဝဝ အဖြစ် ခန့်မှန်းထားဆဲဖြစ်ကြောင်း'' ပြောကြားခဲ့တယ်။ Source:Bloomberg.com, ပပ
Background