Main menu

Background

ပြည်တွင်း နို့ဆီ လက်လီဈေးများ

Wed, 08/24/2011 - 04:53 -- Anonymous (not verified)

ဒီသီတင်းပတ် နို့ဆီအဝင်လျော့ခဲ့              သြဂုတ် ၇ ရက်မှ ၁၃ ရက်တာကာ လအတွင်း နို့ဆီ ၁၈၇ ဒသမ ၂၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နို့ဆီက စင်ကာပူ နိုင်ငံမှ DAWN တံဆိပ် နို့ဆီဖြစ်ပါတယ်။ နို့စိမ်းက ဒီသီတင်းပတ်မှာလည်း အဝင်မရှိခဲ့ပါဘူး။ နို့ဆီက ယခင်သီ တင်းပတ်တန်ချိန် နှစ်ရာ့လေးဆယ် ကျော်တင်သွင်းခဲ့ပေမဲ့ ဒီတစ်ပတ်အဝင် နဲ့ယှဉ်ရင် တန်ချိန် ငါးဆယ်ကျော် လောက် လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။                    နို့မှုန့်က နယူးဇီလန်နိုင်ငံမှ ၅၄ ဒသမ ၂၃ တန်နဲ့ သြစတြေးလျနိုင်ငံမှ ၃၂ တန် အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့မှုန့်အဝင်က တန်ချိန် နှစ်ရာကျော်ရှိခဲ့ပေမဲ့ ဒီတစ် ပတ်မှာတော့ ရှစ်ဆယ့်ခြောက်တန် ကျော်သာ တင်သွင်းနိုင်ခဲ့တာ တွေ့ရပါ တယ်။ MIRT (DOT) နယ်စပ်မှ နို့ထွက်ပစ္စည်း တင်သွင်းမှုလျော့                              သြဂုတ် ၁ဝ ရက်မှ ၁၆ ရက်ထိ ကာလအတွင်းမှာ ကော့သောင်းနယ် စပ်မှ ကန်ဒေါ်လာ ၁၂၉ဝဝ တန်ဖိုးရှိ နို့ဆီ ၁၁ တန် ကျော် (၆ဝဝ သေတ္တာ) နဲ့ ကန်ဒေါ်လာ ၂၄၁၂၄တန်ဖိုးရှိ နို့စိမ်း ၂၅ တန်ခန့် (၁၃ဝ၄သေတ္တာ) အသွင်း ရှိခဲ့ပါတယ်။ ယခင်အပတ်ကနဲ့ နှိုင်းယှဉ်လျင် နို့ဆီ ၈ တန်ကျော်နဲ့ နို့စိမ်း ၅၅ တန်ခန့် လျော့နည်းတင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ်မှလည်း နို့မှုန့်တင်သွင်း ခြင်းမရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ နို့ဆီ၊ နို့မှုန့်၊ နို့စိမ်း စတဲ့ နို့ထွက်ပစ္စည်း တင်သွင်းမှု လျော့နည်းလျက်ရှိကြောင်း အသိပေးလိုက်ရပါ တယ်။MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ                    နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် နို့ဆီလက်လီဈေး    ကျပ်/တစ်ဘူး                  ရန်ကုန်   မန္တလေးဒွန်း( နို့ဆီ )      ၇၅ဝ      ၈ဝဝဒွန်း( နို့စိမ်း)      ၆၅ဝ     ၇ဝဝFalcon  နို့ဆီ     ၆ဝဝ       -Falcon နို့စိမ်း     ၅၁ဝ       - ဝမ်းတီးနို့ဆီ       ၆၅ဝ     ၇ဝဝအိုကေ( နို့ဆီ)     ၇ဝဝ    ၇ဝ၅အိုကေ( နို့စိမ်း)    ၆၆ဝ    ၇ဝ၅MIRT (DOT)