Main menu

Background

ကမ္ဘာ့စီး ပွားရေး အခြေအနေအရ စားအုန်းဆီကြမ်းဈေး အနည်းငယ် ပြောင်းလဲ

Wed, 08/24/2011 - 05:01 -- Anonymous (not verified)

 ကမ္ဘာ့စီးပွားရေး အခြေအနေအရ စားအုန်းဆီကြမ်းဈေး အနည်းငယ် ပြောင်းလဲ                   ရင်းနှီးမြှုပ်နံှသူများဟာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုအပေါ် ပိုမိုအလေးထားလာကြခြင်းနဲ့အတူ မလေးရှား စားအုန်းဆီကြမ်းဈေးဟာလည်း သြဂုတ်လ ၁၈ ရက်နေ့မှာ အနည်းငယ်ပြောင်းလဲခဲ့တယ်လို့ ကုန်သည်များက ပြောကြားပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ နိုဝင်ဘာလ အခြေခံစံနှုန်း စားအုန်းဆီကြမ်းဈေးဟာ ယခင်ရက်ထက် ဝ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး၊ တစ်တန်ကို ရင်းဂစ် ၃ဝ၂၆ (ကန် ဒေါ်လာ ၁ဝ၁၂) ဖြစ်ခဲ့ပါတယ်။                                   ရင်းနှီးမြှုပ်နံှသူများဟာ ဥရောပဇုန်နဲ့ အမေရိကန်စီးပွားရေးတိုးတက်မှု ရှိမရှိကို စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။ ရင်းနှီးမြှုပ်နံှသူများအနေနဲ့ ပြည်ပဈေးကွက် အခြေအနေ စီးပွားရေးအလားအလာများနဲ့ ပတ်သက်ပြီး စိုးရိမ်မှုရှိနေကြဆဲလို့ ဂျကာတာအခြေစိုက် ဟင်းသီးဟင်းရွက်ဆီ တင်ပို့သူတစ်ဦးက ဆိုပါတယ်။ ဒါပေမယ့် ယခုတစ်ပတ်အတွင်း အမြောက်အမြား ဝယ်ယူမှုရှိခဲ့ပါတယ်။ အထူး သဖြင့် တောင်အာရှနိုင်ငံတွေက ဝယ်လိုအားရှိတာကြောင့် စားအုန်းဆီဈေး တည်ငြိမ်သ လောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။                               ယခုလအတွင်း အင်ဒိုနီးရှားနဲ့ မလေးရှား ဆိပ်ကမ်းများမှာ ပြည်ပတင်ပို့မယ့် စားအုန်းဆီ သင်္ဘောအများအပြား တင်နေတာကြောင့် မလေးရှားမှာ စားအုန်းဆီ လက်ကျန်ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ အချို့ခြံများက ထုတ်လုပ်မှု အနည်း ငယ်ကျဆင်းတဲ့အတွက် စားအုန်းဆီဈေးဟာ လက်ရှိပမာဏမှာ တည်နေနိုင်တယ်လို့ မလေးရှား နိုင်ငံရဲ့ အဓိကစိုက်ပိုျးတဲ့ ကုမ္ပဏီတစ်ခုမှ မန်နေဂျာ တစ်ဦးက ဆိုပါတယ်။                       မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က ထုတ်လုပ်မှုအနေနဲ့ သြဂုတ်လအတွင်း အလုပ်သမားအများစုဟာ ဥပုသ်လ ပိတ်ရက်များမှာ နားတဲ့အတွက် ကျဆင်းဖွယ်ရှိ တယ်လို့ ဆိုပါတယ်။ လက်ငင်းဈေးကွက်မှာ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ အတွက် စားအုန်းဆီခဲ FOB ဈေးဟာတစ်တန် ကန်ဒေါ်လာ ၁ဝ၉ဝ ဈေးနဲ့ ရောင်း ဝယ်ခဲ့ပြီး ချက်ချင်း တင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးဟာ ရင်းဂစ် ၁ဝ လျော့ကျပြီး၊ တစ်တန် ရင်းဂစ် ၃၁၆ဝ (ကန်ဒေါ်လာ ၁ဝ၅၇)ဖြစ်ခဲ့ပါတယ်။ ယုဇန Source: panpalloilhuh.com