အဝယ်သွက်၍ ဈေးမြင့်လာတဲ့ ပြည်မိုးနှမ်း မိုးနှမ်းများထွက်ပေါ်နေပြီ ဖြစ်သဖြင့် ပြည်ဈေးကွက်သို့ နှမ်းဝင်ရောက်မှုမှာ တစ်နေ့ထက်တစ်နေ့ များလာ တာတွေ့ရပါ တယ်။ အများဆုံးဝင်ရောက်လာတဲ့ မြို့နယ်များကတော့ ကံမ၊အောင်လံနဲ့ ပေါက်ခေါင်းမြို့တို့မှ ဖြစ်ပြီး၊ တစ်နေ့လျှင် အိတ် ၂ဝဝဝ ခန့်ဝင်ရောက်လာတာတွေ့ရပါတယ်။ အောင်လံဘက်မှ ဝင်ရောက် လာသော စမုံနက်နှမ်းကိုလည်း ရန်ကုန်ဝယ်လက် များမှ ပြည်ပတင်ပို့ရန် အဝယ် ရှိသဖြင့် ပြည်ဈေးကွက်တွင်တစ်နေ့လျှင် အိတ် ၅ဝဝ-၆ဝဝ ခန့် အရောင်းအဝယ် ဖြစ်တာတွေ့ရပါတယ်။ ဆီကြိတ်နှမ်းနီကိုလည်း ဆီစက်သမားများက အဝယ်ရှိနေ သဖြင့် ယခင်အပတ်ထက် ဈေးအနည်းငယ် မြင့်လာတာ တွေ့ရပါတယ်။ နှမ်းနက် (ရိုးရိုး)ကိုတော့ အဝယ်သိပ်မရှိသဖြင့် ဈေးကျလာတာ တွေ့ရပါတယ်။ ဆီကြိတ် နှမ်းနီ ၄၅ ပိဿာ တစ်အိတ် ၅၅ဝဝဝ ကျပ်၊ နှမ်းနက် ၄၅ ပိဿာ တစ်အိတ် ၅၅ဝဝဝ ကျပ်နဲ့ စမုံနက်နှမ်း ၄၅ ပိဿာ တစ်အိတ် ၈ဝဝဝဝ ကျပ်ဈေးဖြင့် ပြည်ဈေး ကွက်မှာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း
Background