ဈေးကွက်သို့ စလှမ်းလာတဲ့ မြေပဲဆံ မုံရွာကုန်စည်ဒိုင်မှာ ကနီမြေပဲဆံ နဲနဲစလှမ်းလာပြီလို့သိရပါတယ်။ အဝင် မလှိုင်သေးပေမဲ့ ဝင်တဲ့မြေပဲစက အဖြူများပြီး အနီနဲတယ်။ အဖွင့်ဈေးတစ်ပိဿာ ဝယ်သူက ၁၆ဝဝ ကျပ်ပေးတယ်။ ရောင်းသူက ၁၆၅ဝ ကျပ် လိုချင်တယ်လို့ ကုန်သည်တစ်ဦးကပြောပါတယ်။ ယခုပတ်အတွင်း ပိဿာချိန် ၁၄ဝဝ-၁၅ဝဝ ခန့် ဝင်ပြီး နောက်ပိုင်း ဘုတလင်ဘက်ကပါ ဝင်လာနိုင်တယ်လို့လည်းသိရပါတယ်။ လက်ရှိ ပဲဆီဒိုင်ပေါက်ဈေးတစ်ပိဿာ ၃၃ဝဝ ကျပ်၊ ၃၄ဝဝ ကျပ်နဲ့ အရောင်း အဝယ်ရှိတယ်လို့သိရပါတယ်။ ခင်မြင့်မြင့်သန်း
Background