Main menu

Background

ဇူလိုင်လအတွင်း တရုတ်နိုင်ငံက ပဲပုပ်တန်ချိန် ၅ ဒသမ ၃၅ သန်း တင်သွင်းခဲ့

Wed, 08/24/2011 - 05:37 -- Anonymous (not verified)

ဇူလိုင်လအတွင်း တရုတ်နိုင်ငံက ပဲပုပ်တန်ချိန် ၅ ဒသမ ၃၅ သန်း တင်သွင်းခဲ့                တရုတ်နိုင်ငံရဲ့ ဝက်သား ထုတ်မှုလုပ်ငန်းပြန်လည် ကောင်းမွန်လာခြင်းနဲ့ ပဲပုပ်ဆီကြိတ်ခွဲသူများရဲ့အကျိုးအမြတ် ပိုမိုလာခြင်းတို့ကြောင့် ပဲပုပ် တင်သွင်းမှုဟာ တိုးတက်နေတဲ့ဘက်ကို ဦးတည်နေဆဲဖြစ်ပါတယ်။ ဇူလိုင်လ အတွင်း တန်ချိန် ၅ ဒသမ ၃၅ သန်း၊ တင်သွင်းခဲ့လို့ ယခင်လများထက် ၂၄ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၈ လအတွင်း အမြင့်ဆုံး တင်သွင်းခဲ့ခြင်း ဖြစ်တယ်လို့ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးဌာနက ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။ ၂ဝ၁၁ ရဲ့ ပထမ ၇ လအတွင်း စုစုပေါင်းတင်သွင်းမှုဟာ တန်ချိန် ၂၉ သန်း ရှိပြီး၊ ယခင်နှစ်တွေထက် ၅ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။ ပဲပုပ်ဆီထုတ်လုပ်သူများဟာ ၎င်းတို့ရဲ့အကျိုးအမြတ် တိုးတက်နေတဲ့ အတွက် ပိုမိုတင်သွင်းဖို့ ဝယ်ယူလိမ့် မယ်လို့ kdY Jingyi Futures Co  မှ လေ့ လာ ဆန်းစစ်သူ Zhang Xingchao  ကဆိုပါတယ်။                               တရုတ်အစိုးရဟာ နိုဝင်ဘာ လအတွင်း စားဆီအဓိကထုတ်လုပ် သူများကို တင်းကျပ်ထားတဲ့ ဈေးနှုန်း သတ်မှတ်မှုကို မကြာခင်က ဖြေလျှော့ ခဲ့ပါတယ်။ အစိုးရက ငွေကြေးဖောင်း ပွမှုကို လျှော့ချနိုင်ရေး ဈေးနှုန်းထိန်း ထားဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။                             တစ်ချိန်တည်းမှာပဲ ဝက်သားထုတ် လုပ်မှု ပြန်လည်ကောင်းမွန်လာခြင်းက ပဲပုပ်ဖတ်အတွက် ဝယ်လိုအားကို တိုး တက်စေပြီး၊ တင်သွင်းမှု တက်လာတာလည်း ဖြစ်ပါတယ်လို့ Zhong ကဆို ိုပါတယ်။                      ၂ နှစ်ခန့် ထုတ်လုပ်မှု ကျဆင်းခဲ့ ပြီးနောက် ဝက်မွေးမြူသူများဟာ ဝက်သားဈေးမြင့်တက်ခြင်းနဲ့ အစိုးရက ဝက် အရှင်ရောင်းချမှုကို မြှင့်တင်ဖို့ကြိုးပမ်းမှု တွေကြောင့် ဝက်ပိုမို မွေးမြူဖို့ စိတ်အား သန်လာခဲ့ပါတယ်။ ဇူလိုင်လ ဝက်သား ဈေးဟာ ယခင်လထက် ၅၆ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အဲဒီလို ဝက်သားဈေး တိုးတက်ခြင်းကြောင့် ၃ နှစ် အတွင်း တရုတ်နိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုကို အကြီးမားဆုံး မြင့်တက်စေခဲ့ပါတယ်။                        ကမ္ဘာ့ပဲပုပ် အကြီးမားဆုံး တင် သွင်းတဲ့ တရုတ်နိုင်ငံဟာ ၂ဝ၁ဝ ခုနှစ် မှာ တန်ချိန် ၅၄ ဒသမ ၈ သန်းအထိ အမြင့်ဆုံးတင်သွင်းခဲ့ပြီး၊ ပြည်တွင်း ထုတ်လုပ်မှုဟာ တန်ချိန် ၁၅ ဒသမ ၂ သန်းရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါပေ မယ့် ပဲစိုက်ဧရိယာကတော့ ကျဆင်းနေပါတယ်။ ၂ဝ၁ဝ ခုနှစ်၊ ဆောင်းပဲရိတ် သိမ်းမှုဟာ ယခင်နှစ်က ဟတ်တာ ၇ ဒသမ ၆ သန်းရှိရာမှ ဟက်တာ ၉၃ဝဝဝဝ ကျဆင်းခဲ့တယ်လို့ နိုင်ငံတော် ဖွံ့ဖြိုးမှုနဲ့ ပြန်လည်ထူထောင် ရေးကော် မရှင်မှ ထုတ်ပြန်ထားပါတယ်။ အကယ် လို့သာ တရုတ်နိုင်ငံက ပဲပုပ်တင်သွင်းမှု ဆက်လက်ကြီးမားနေပြီး ရာသီဥတု ဆိုးရွားမှု ဖြစ်ပွားနေမယ်ဆိုရင် ကမ္ဘာ့ ဈေးကွက်အတွင်း စားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုကို ဖြစ်ပေါ်စေနိုင်မယ်လို့ အဓိက စိုက်ပျိုးရေးအကြံပေး ကုမ္ပဏီမှ ဝါရင့်လေ့လာ ဆန်းစစ်ပညာရှင် Ma Wenferg က ဆိုပါတယ်။        ယမင်းခင်၊Source: chinadaily