ပဲစင်းငုံနီ

ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ     ယခင်             ယခု       ပြောင်းလဲမှု၁ ဘုရင့်နောင်        ၁ တန်        ၄ဝဝဝဝဝ    ၃၈၆ဝဝဝ၂ မန္တလေး            ၁ ပိဿာ         ၆ဝဝ         ၅၈၃၃ မုံရွာ                 ၁ ပိဿာ         ၅၉ဝ         ၅၉ဝ၄ ပြည်                 ၁ ပိဿာ         ၆၁၅         ၆ဝဝ၅ ပခုက္ကူ              ၁ ပိဿာ         ၆၁ဝ          ၅၉ဝ၆ မြင်းခြံ              ၁ ပိဿာ         ၅၈၅           ၅၈ဝ၇ အောင်လံ          ၁ ပိဿာ         ၆ဝဝ          ၅၉ဝ၈ မကွေး              ၁ ပိဿာ        ၅၈၅           ၅၈၅ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက် ဈေးချအဝယ်ရှိလာ                ဘုရင့်နောင်ေ် ဈးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ်လက်တွေက ဈေးချအဝယ်ရှိနေသလို ရန်ကုန်ဈေးကွက် မှာလည်း ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုးဈေးက ကျဆင်းနေ တာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ ဆိုပါတယ်။ အ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို ၃၈၆ဝဝဝ ကျပ်မှ ၃၉၄ဝဝဝ ကျပ်အတွင်း တန် ၁၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အောက်ဈေးနဲ့ အဝယ်ရှိနေသလို ရောင်းသူကုန်သည်များကလည်း ကြိုက်ဈေးမရတာကြောင့် ထင်သလောက် အရောင်းအဝယ်မဖြစ်ခဲ့ဘူးလို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှု ကတစ်ပိဿာကို ၅၈၃ ကျပ်(တစ်တန်ကို ၃၅၇ဝ၂၃ ကျပ်)နဲ့ နေ့စဉ် အိတ် ၈ဝဝ မှ ၁ဝဝဝ ကြားသာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာ ဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၅၉ဝ ကျပ် (တစ်တန်ကို ၃၆၁၃၁ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်အဝယ် ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ ဆိုပါတယ်။ ပြည်ဈေးကွက်မှာ ပဲစင်းငုံနီက ဈေးကွက်သို့ အဝင်နည်းနေသလို ရန်ကုန်အဆွဲကလည်း အေးနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သန်းနေကြောင်း သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာကို ၆ဝဝ ကျပ်(တစ်တန်ကို ၃၆၇၄၃၄ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁ဝဝဝ ခန့်သာဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည် တစ်ဦးက ဆိုပါတယ်။ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က ဈေးနှိမ်ပြီးအဝယ်ရှိနေသလို ရောင်းသူကုန် သည်များက လည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၅၉ဝ ကျပ် (တစ်တန် ကို ၃၆၁၃၁ဝ ကျပ်) နဲ့ နေ့စဉ် အိတ် ၁ဝဝ ခန့်သာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။မကွေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်ကက် တစ်ပိဿာကို ၅၈၅ ကျပ်(တစ်တန် ကို ၃၅၈၂၄၈ ကျပ်)နဲ့ နေ့စဉ် အိတ် ၁ဝဝ မှ ၁၅ဝ ကြားအဝယ်ပုံမှန် ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့််နေတယ်သိရပါ တယ်။အာင်လံဈေးကွက်မှာ ပဲစင်းငုံနီ ကို ရန်ကုန်ဝယ်လက်က ဈေးလျော့အဝယ်ရှိသလို ဝယ်အားပါနည်း လာတယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၅၉ဝ ကျပ်(တစ်တန်ကို ၃၆၁၃၁ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့် သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။