ပဲတီစိမ်း(အညာ)

ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင်       ရေတွက်ပုံ     ယခင်    ယခု          ပြောင်းလဲမှု ၁ မုံရွာ                   ၁ ပိဿာ        ၈၉၅    ၇၈၉ ၂ မန္တလေး              ၁ ပိဿာ         ၉၇၈   ၇၁၁ ၃ ပြည်                   ၁ ပိဿာ         ၇၅ဝ   ၇၄ဝ ၄ အောင်လံ             ၁ ပိဿာ         ၆၇၅   ၆၅ဝ ၅ ပခုက္ကူ                ၁ ပိဿာ          ၇၉ဝ   ၇၈ဝ ပဲတီစိမ်း(အညာ) ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်း                   မန္တလေးဈေးကွက်မှာ ပဲတီစိမ်း( အညာ)က ဈေးကွက်သို့အဝင် ပုံမှန်ရှိပေမယ့် တရုတ်ဝယ်လက်က တရုတ်ယွမ်ငွေဈေးကျဆင်းနေ တာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၁၁ ကျပ်(တစ်တန်ကို ၄၃၅၄ဝ၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၇ဝဝ မှ ၁ဝဝဝ ကြားသာအရောင်း အဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ပခုက္ကူဈေးကွက်မှာ ပဲတီစိမ်းသေးကို မန္တလေး ဝယ်လက်က တစ်ပိဿာကို ၇၈ဝ ကျပ်(တစ်တန်ကို ၄၇၇၆၆၄ ကျပ်) နဲ့ နေ့စဉ်အိတ် ၅ဝ မှ ၁ဝဝ ကြားအဝယ်ခပ်ပါးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။ အောင်လံဈေးကွက်မှာ ပဲတီစိမ်းကို ရန်ကုန်အဆွဲအသင့် အတင့်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင်လှိုင်နေတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၆၅၀ ကျပ် (တစ်တန်ကို ၃၉၈ဝ၅၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၅ဝဝ ကြားအရောင်းအဝယ် ဖြစ်နေတယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ပြည်ဈေးကွက် မှာ ပဲတီစိမ်းတွေ အဝင်ပါးလာသလို အရောင်းအဝယ်လည်း နည်းနေ တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၇၄ဝ ကျပ်(တစ်တန်ကို ၄၅၃၁၆၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်သာရှိခဲ့ ကြောင်းသိရပါတယ်။မုံရွာဈေးကွက်မှာ ပဲတီစိမ်းက နယ်စုံမှ ပဲသစ် တွေ အဝင်ပုံမှန်ရှိပေမယ့် အရောင်းအ ဝယ်ထင်သလောက်မဖြစ်ခဲ့ ဘူးလို့ မြို့ခံကုန်သည်တွေက ဆိုပါတယ်။ ပဲတီစိမ်းအဟောင်းသမား တွေလည်း ငွေလိုလို့ ထုတ်ရောင်းမှုတွေရှိနေသလို ပုံမှန်ဆွဲနေတဲ့ မန္တလေးဝယ်လက်ကလည်း ဒီတစ်ပတ်မှာ အဝယ်ပြန်အေးသွားတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးက ကျရိပ်သမ်းနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၇၈၉ ကျပ်(တစ်တန် ကို ၄၈၃၁၇၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၅ဝဝ ကြား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။