သိပ္ပံနှမ်း စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ အောင်လံ ၁ ပိဿာ ၁၈၄၅ ၁၇၃၅ နှမ်းဖြူဈေးမြင့်လာ မန္တလေးဈေးကွက်မှာ နှမ်းဖြူကို ဒေသတွင်းဆီကြိတ်လုပ်ငန်းရှင်များ ပုံမှန်အဆွဲရှိသလို တရုတ်ကလည်း အဝယ်အနည်းငယ်ရှိလာ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၃၁၁ ကျပ်(တစ်တန်ကို ၈ဝ၂၈၄၃ ကျပ်) နဲ့နေ့စဉ်အိတ် ၅ဝဝ ခန့်ဖြစ် ခဲ့ကြောင်းသိရပါတယ်။ရေစကြိုဈေးကွက်မှာ နှမ်းဖြူကို ဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များနဲ့ နှမ်းလှော်လက်များက တစ်ပိဿာကို ၁၂ဝဝ ကျပ်(တစ်တန်ကို ၇၃၄၈၆၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့် အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ နှမ်းဖြူက ဈေးကွက်သို့အဝင်များလာသလို မန္တလေးဝယ်လက်နဲ့ ဒေသတွင်းနှမ်း လှော်လက်များက ဝယ်အားကောင်းလာတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၃၈ဝ ကျပ် (တစ်တန်ကို ၈၄၅ဝ၉၈ ကျပ်)နဲ့နေ့စဉ် အိတ် ၃ဝဝဝ နဲ့ အထက်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တွေကဆိုပါတယ်။ ဒါ့အပြင် စမုံနက် နှမ်းကို မန္တလေးဝယ်လက်က တစ်ပိဿာ ၁၈ဝဝ ကျပ်(တစ်တန်ကို ၁၁ဝ၂၃ဝ၂ ကျပ်)နဲ့နေ့စဉ်အိတ် ၅ဝဝ ခန့်အဝယ်ရှိတာကြောင့် ဒေသ ခံနှမ်းတောင်သူတွေ အဆင်ပြေနေတယ်လို့ မြို့ခံနှမ်းကုန်သည်တစ် ဦးက ဆိုပါတယ်။ အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၁၇၃၅ ကျပ်(တစ်တန်ကို ၁ဝ၆၂၄၉၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background