ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ မန္တလေး ၁ ပိဿာ ၈၉ဝ ၈၉၈၂ မကွေး ၁ ပိဿာ ၈၆ဝ ၈၆၅၃ ပခုက္ကူ ၁ ပိဿာ ၈၆၈ ၈၆၈၄ မုံရွာ ၁ ပိဿာ ၈၈၉ ၈၁၆၅ အောင်လံ ၁ ပိဿာ ၈၇၅ ၈၇၅၆ မြင်းခြံ ၁ ပိဿာ ၈၇၅ ၈၆၅၇ ရေစကြို ၁ ပိဿာ ၈၆ဝ ၈၆ဝ၈ ပြည် ၁ ပိဿာ ၈၇၅ ၈၈၅ထိုင်ဝမ်(ကုလားပဲ) ကို ဒေသတွင်းပဲခွဲစက်တွေ ဝယ်အားနည်း မန္တလေးဈေးကွက်မှာ ထိုင်ဝမ်(ကုလားပဲ)ကို မြို့ခံပဲခွဲစက်တွေ က ယခင်အပတ်နဲ့စာရင် ဝယ်အားနည်းလာတယ်လို့ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၉၈ ကျပ်(တစ်တန်ကို ၅၄၉၉၂၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ ကုလားပဲကို ခွဲစက်တွေက တစ်ပိဿာ ကို ၈၆၅ ကျပ်(တစ်တန်ကို ၅၂၉၇၁၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝ မှ ၁ဝဝ ကြားသာ အဝယ်ပါးပါးရှိခဲ့တယ်လို့ သိရပါတယ။် ရေစကြို ဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်သမားများက ဝယ်အားအထိုက်အလျောက်ရှိပေမဲ့ ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၆ဝ ကျပ် (တစ်တန်ကို ၅၂၆၆၅၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မြင်းခြံဈေးကွက်မှာ ကုလားပဲကိုမြို့ခံခွဲစက်တွေက ဒီတစ်ပတ်မှာ ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းသွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၆၅ ကျပ် (တစ်တန်ကို ၅၂၉၇၁၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်သာဖြစ်ခဲ့တယ် လို့ဆိုပါတယ။် အောင်လံ ဈေးကွက်မှာ ကုလားပဲကို တစ်ပိဿာ ၈၇၅ ကျပ်(တစ်တန်ကို ၅၃၅၈၄၁ ကျပ်)နဲ့ ပြည်ဝယ်လက်တွေက အဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။မုံရွာဈေးကွက်မှာ ကုလားပဲကို ပြည် တွင်းနဲ့ ဒေသသုံးစက်သမားတွေ၊ အမှုန့်ကြိတ်လုပ်ငန်းရှင်တွေက ဝယ်အား အသင့်အတင့်ရှိသာရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၁၆ ကျပ်(တစ်တန်ကို ၄၉၉၇၁ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၄ဝဝ ကြားသာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Background