မတ်ပဲစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၅၅၅ဝဝဝ ၅၃၂ဝဝဝ၂ မုံရွာ ၁ ပိဿာ ၇၈၅ ၇၇၅၃ ပြည် ၁ ပိဿာ ၈၅ဝ ၈၄ဝ၄ ဟင်္သာတ ၁ ပိဿာ ၈၃၅ ၈၂၅၅ မန္တလေး ၁ ပိဿာ ၈ဝဝ ၇၆၇မတ်ပဲဈေးကျပြီး အရောင်းအဝယ်ဖြစ် ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) ကို ပြည်ပ တင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များက ရန်ကုန်ဈေးကွက်မှာ ပို့ကုန် ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးကျနေတာရယ်၊ အိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေရယ်အပေါ် မူတည်ပြီး တွက်ချက် ဝယ်ယူမှုတွေရှိလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို ၅၃၂ဝဝဝ ကျပ်မှ ၅၄၇ဝဝဝ ကျပ်အတွင်း တန် ၅၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း) ကို ရန်ကုန်အဆွဲအေးနေပြီး မြို့ခံပဲခွဲစက်တွေက သာ ဝယ်အားအထိုက်အလျောက် သာရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကအကျဘက်မှာ ရှိနေကြောင်း သိရပါတယ။် အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၇၆၇ ကျပ်(တစ်တန်ကို ၄၆၉၇ဝ၃ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦး ကဆိုပါတယ်။ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ(ကုန်ကြမ်း)အဝင် ပါးလာပြီး ကုန်သည်များလက်ဝယ်ရှိ လက်ကျန်ပဲများနဲ့ အပ်ပဲသမား များသာထုတ်ရောင်းနေကြတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၈၄ဝ ကျပ် (တစ်တန်ကို ၅၁၄၄ဝ၇ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂ဝဝဝ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)က ဈေးကွက်သို့အဝင်နည်း နေပေမယ့် မြို့ပေါ်လှောင်လက်သမားများ ထုတ်ရောင်းမှုရှိတာ ကြောင့် အရောင်းအဝယ်ပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၂၅ ကျပ်(တစ်တန်ကို ၅ဝ၅၂၂၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝဝ မှ ၂ဝဝဝ ကြားဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background