ကုန်စည်ဒိုင်သုံးသပ်ချက် မတ်ပဲ(ကုန်ကြမ်း)ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန် သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ရန်ကုန်ဈေးကွက် မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးကျဆင်းတာရယ် အိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေရယ်အပေါ် မူတည် ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ဘုရင့်နောင်၊ မုံရွာ၊ ပြည်၊ ဟင်္သာတနဲ့ မန္တလေးမှာ ဈေးကျနေကြောင်း တွေ့ရပါတယ်။ ပဲတီစိမ်း(အညာ)ကို အိတ်စပို့ဝယ်လက်တွေက ဝယ်အား နည်းသွားတာကြောင့် မန္တလေး၊ မုံရွာ၊ မကွေး၊ ပြည်၊ အောင်လံနဲ့ ပခုက္ကူ မှာ ဈေးကျနေကြောင်း သိရပါတယ်။ ပဲစင်းငံုံနီကို အိတ်စပို့ဝယ်လက်တွေက ဒေါ်လာဈေးကျ ဆင်းနေတာရယ် အိန္ဒိယဈေးကွက်မှ ဝယ်လိုအားနည်းသွားတာ ရယ်အပေါ် မူတည်ပြီး ဈေးချအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ ပြည်၊ ပခုက္ကူ၊ မြင်းခြံနဲ့ အောင်လံမှာ ဈေးကျ နေပြီး မုံရွာနဲ့ မကွေးမှာ ဈေး တန့်နေကြောင်း တွေ့ရ ပါတယ်။ ကုလားပဲဖြူလုံးကြီးကို ပြည်တွင်းဝယ်လိုအားနဲ့ ပြည်ပ ဝယ်လိုအား ပုံမှန်ရှိတာကြောင့် မန္တလေး၊ ပခုက္ကူနဲ့ မြင်းခြံမှာ ဈေး မြင့်နေပြီး မုံရွာနဲ့ ဘုရင့်နောင်မှာ ဈေးမဆိုသိသလောက်ကျနေကာ ရေစကြိုမှာ ဈေးငြိမ်ေ် နကြောင်း တွေ့ရပါတယ်။ ထိုင်ဝမ်(ကုလားပဲ) ကို ပဲခွဲစက်တွေနဲ့ ရန်ကုန်အဆွဲအသင့် အတင့်ရှိတာကြောင့် မကွေး၊မုံရွာ ၊ ရေစကြိုနဲ့ ပြည် ဈေးအနည်း ငယ်ကျနေပြီး မန္တလေး၊ မကွေးနဲ့ ပြည်မှာ ဈေးမြင့် နေပြီး မုံရွာနဲ့ မြင်းခြံမှာ ဈေးအနည်းငယ်ကျနေကာ အောင်လံနဲ့ ပခုက္ကူမှာ ဈေးငြိမ် နေကြောင်းသိရပါတယ်။ ပြောင်းကို အိတ်စပို့ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ် ငန်းရှင်များက ဝယ်အားပုံမှန်ရှိတာကြောင့် တောင်ကြီး၊ မူဆယ်၊ မန္တလေးနဲ့ မြင်းခြံ မှာ ဈေးမြင့်နေပြီး လားရှိုး မှာ ဈေး အနည်းငယ် ကျနေကာ ဟင်္သာတနဲ့ ရေစကြို မှာ ဈေးငြိမ်နေကြောင်း တွေ့ ရပါတယ်။ နှမ်းဖြူကို ဒေသတွင်းနှမ်းလှောင်လက်များအပြင် တရုတ် ကပါ အဆွဲအထိုက်အလျောက်ရှိလာတာကြောင့် မန္တလေး၊ မကွေး ၊ မုံရွာ ၊ ရေစကြို နဲ့ ပခုက္ကူမှာ ဈေးမြင့်လာကြောင်း တွေ့ရ ပါတယ်။ သိပ္ပံနှမ်းကို ရန်ကုန်အဆွဲဈေးချအဝယ်ရှိသလို ဝယ်အားပါ နည်းသွားတာကြောင့် အောင်လံ ဈေးကွက်မှာ ဈေးကျ လာကြောင်း တွေ့ရပါတယ်။
Background