Main menu

Background

ကနေဒါမှ တိရစ္ဆာန်အရှင်များ ဗီယက်နမ် တင်သွင်းခွင့်ပြု

Wed, 08/24/2011 - 06:59 -- Anonymous (not verified)

ကနေဒါမှ တိရစ္ဆာန်အရှင်များ ဗီယက်နမ် တင်သွင်းခွင့်ပြု                ၂ဝဝ၃ ခုနှစ်ကတည်းက ကနေဒါကနေ ကွဲျနွား၊ သိုးနဲ့ဆိတ် တင်သွင်းမှုကို ပိတ်ပင်ထားရာကနေ ပထမဆုံးအကြိမ်အနေနဲ့ အာရှဈေးကွက်ကို ပြန်လည်ဖွင့်လှစ် ပေးတော့မှာဖြစ်ကြောင်းသိရပါတယ်။ ဗီယက်နမ် စိုက်ပျိုးရေးဝန်ကြီးနဲ့ ကုန်သွယ် ရေးဝန်ကြီးတို့က ဗီယက်နမ်ဈေးကွက်ကို ကနေဒါအတွက် မကြာမီပြန်လည် ဖွင့်လှစ် ပေးမှာဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။ ဗီယက်နမ် တိရစ္ဆာန် ကျန်းမာရေး ဌာနက လည်း ကနေဒါရဲ့ ပို့ကုန် ကွဲျနွား၊ ဆိတ်နဲ့ သိုးအရှင်များရဲ့ ထောက်ခံချက်လက်မှတ် ထုတ်ပေးပြီးဖြစ်ကြောင်းသိရပါတယ်။ ၂ဝဝ၃ ခုနှစ် မေလမှာ ကနေဒါကနေ အမဲ သားနဲ့အမဲသားထုတ်ကုန်တွေမှာ နွားရူးရောဂါရှိကြောင်း ကြေညာခဲ့ပြီး နောက်ပိုင်း ဗီယက်နမ်က ကနေဒါကနေ ကွဲျနွားအရှင်တင်သွင်းမှုကို တားမြစ်ခဲ့ တာဖြစ်တယ်။ ဗီယက်နမ်ကို ကနေဒါကနေ တိရစ္ဆာန် အရှင်တင်သွင်းမှု တန်ဖိုး ဒေါ်လာ သန်း ၅ဝ ဖိုးလောက်ပျမ်းမျှရှိနိုင်ကြောင်း သိရပါတယ်။ Source:VNS,KZW