တရုတ်နယ်စပ်မှ အေးခဲ အမဲသားအပြင် ကွဲျနွားသားရေဆားနယ်အစို အပို့ရှိ သြဂုတ်လ ၁ဝ ရက်မှ ၁၆ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၄၄ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၁၃၇ တန်အပို့ ရှိခဲ့ပါတယ်။ မူဆယ်မှ ၇၉ တန်ခန့် နဲ့ ချင်းရွှေဟော်မှ ၆၁ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ထက် မူဆယ်မှ ၇ တန်ကျော်ပိုပို့နိုင်ခဲ့ပေမယ့် ချင်းရွှေဟော်မှ ၇၆ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ယခုရက်ပိုင်းမှာ မိုးသည်းထန်တဲ့အတွက် ချင်းရွှေဟော်တောင်တက်လမ်းမှာ လမ်းပန်းဆက်သွယ်ရေးအရ ကုန်တက်နည်း နေတာကြောင့် အေးခဲအမဲသားတင်ပို့မှုလျော့နည်းခဲ့တာဖြစ်ပါတယ်။ ယခုအပတ် အေးခဲအမဲသားအပြင် ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၂ သန်းတန်ဖိုးရှိ ကွဲျနွားသားရေဆားနယ်အစို ၁၇၇ တန်ကို မူဆယ်မှ တင်ပို့နိုင်ခဲ့ပါသေးတယ်။ ဧပြီလမှစပြီး လအလိုက် နယ်စပ်မှ အေးခဲအမဲသား တင်ပို့နိုင်မှုကို ဖော်ပြ ပေးလိုက်ရပါတယ်- တန်ချိန် တန်ဖိုး (ကန်ဒေါ်လာသန်း)ဧပြီ ၇၅၂ ၂ .၁၈၅မေ ၇၆ဝ ၂ .၂ဝ၃ဇွန် ၃၁၅ ဝ .၉၂၇ဇူလိုင် ၄၆၉ ၁ .၇၆ဝသြဂုတ် (၁ရက်မှ ၁၆ ရက်ထိ) ၂၈၇ ဝ .၉၁၆MIRT(DOBT)
Background