မူဆယ်နယ်စပ်မှ ငါးရှဉ့်နဲ့ ရေငန်ငါးမျိုးစုံ အပို့ပို မူဆယ် ၁ဝ၅ မိုင် ရေထွက်ကုန်ကုန်စည်ဒိုင်မှတစ်ဆင့် ရေထွက်ကုန် ငါးရှဉ့်၊ ကဏန်းနဲ့ ရေငန်ငါး မျိုးစုံများကို ယခုအပတ်မှာ တင်ပို့မှုရှိခဲ့ပါတယ်။ ငါးရှဉ့် ၄၄ တန်နဲ့ ရေငန် ငါးမျိုးစုံ ၃၈ တန်ကျော် ယခင်အပတ်ကထက် ပိုမိုတင်ပို့ နိုင်ခဲ့ပြီး ကဏန်းတင်ပို့မှုမှာတော့ ၁၇ တန် လျော့နည်း တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ယခုအပတ် ရေထွက် ကုန် တင်ပို့နိုင်မှုတွေကတော့ ကန်ဒေါ်လာ ဝ ဒသမ ၁၉ သန်းတန်ဖိုးရှိ ငါးရှဉ့် ၃၁၈ တန်ခန့်၊ ကန်ဒေါ်လာ ဝ ဒသမ ၃၈၁ သန်းတန်ဖိုးရှိ ဂဏန်း တန် ၁၃ဝ ကျော်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၁၈၃ တန်ဖိုးရှိ ရေငန်ငါးမိုျးစုံ ၇၅ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ မိမိဘက် ကဏန်းဈေး ကျနေပေမဲ့ တစ်ဖက်နိုင်ငံဈေး အနည်းငယ်တက်နေပါတယ်။ ငါးရှဉ့် ဈေးကတော့ မိမိဘက်မှာရော တစ်ဘက် နိုင်ငံမှာပါ ဈေးပိုရနေပါတယ်။ ကုန်တက်နဲ့ ပစ္စည်းအရည်အသွေးကို မူတည်ပြီး ရေထွက်ကုန်ဒိုင်က ကြားခံဈေး သက်မှတ်ပေး နေတယ်လို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံမြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ငါးရှဉ့် ၂၁ဝ၄၆၉ဝ ၁၉၃၂၅ဝဝ ၁၇၂၁၉ဝ ၈ ၂၈၁ဝ ၂၅ဝဝ ၃၁ဝ ၁၁ကဏန်း (ဂရမ်)၂၅ဝဂရမ်အထက် ၂၅၂၄၁၃ဝ ၂၅၄၃၁၇ဝ ၁၉ဝ၄ဝ ဝ .၇ ၃၃၇ဝ ၃၂၉ဝ ၈ဝ ၂၂ဝဝ-၂၅ဝ ဂရမ် ၂၃၇၄၃၃ဝ ၂၃၈၈၅၇ဝ ၁၄၂၄ဝ ဝ .၆ ၃၁၇ဝ ၃ဝ၉ဝ ၈ဝ ၃၁၅ဝ-၂ဝဝ ဂရမ် ၂၂၂၄၅၃ဝ ၂၂၃၃၉၇ဝ ၉၄၃၅ ဝ .၄ ၂၉၇ဝ ၂၈၉ဝ ၈ဝ ၃၁ဝဝ-၁၅ဝ ဂရမ် ၂၁၁၂၁၈ဝ ၂၁၁၈ဝ၂ဝ ၅၈၄ဝ ဝ .၃ ၂၈၂ဝ ၂၇၄ဝ ၈ဝ ၃MIRT(DOBT)
Background