Main menu

Background

၂ဝ၁၁ ခုနှစ်အတွင်း ရော်ဘာတင်ပို့မှု ဝင်ငွေကန်ဒေါ်လာ ၁ဝ ဘီလီယံရရန် အင်ဒိုနီးရှားမျှော်မှန်း

Wed, 08/24/2011 - 07:57 -- Anonymous (not verified)

၂ဝ၁၁ ခုနှစ်အတွင်း ရော်ဘာတင်ပို့မှု ဝင်ငွေကန်ဒေါ်လာ ၁ဝ ဘီလီယံရရန် အင်ဒိုနီးရှားမျှော်မှန်း              ၂ဝ၁၁ ခုနှစ်မှာ အင်ဒိုနီးရှားက သဘာဝရော်ဘာတင်ပို့မှုမှ ဝင်ငွေအနေနဲ့ အနည်းဆုံး ကန်ဒေါ်လာ ၁ဝ ဘီလီယံရရှိဖို့ မျှော်မှန်းထားတယ်။ အင်ဒိုနီးရှားက ကမ္ဘာမှာ ဒုတိယမြောက် ရော်ဘာထုတ်လုပ်မှု အများ ဆုံးနိုင်ငံဖြစ်တဲ့အတွက် ယခုနှစ်မှာ တန်ချိန် ၃ သန်းထိ ထုတ်လုပ်နိုင်မယ်မျှော်မှန်းကြောင်း သိရတယ်။                  ၂ဝ၁ဝ ခုနှစ်အတွင်း ရော်ဘာတင်ပို့မှုမှ ဝင်ငွေကန်ဒေါ်လာ ၃ ဒသမ ၃၈ ဘီလီယံ ရရှိခဲ့တယ်လို့ အင်ဒိုနီးရှား ရော်ဘာ ကုမ္ပဏီများအသင်း ဥက္ကဌ ဆူဟာတိုဟွန်ဂိုကူဆူမိုက ပြောကြားပါတယ်။ ၂ဝ၁၁ ခုနှစ် မှာ ရော်ဘာဈေးနှုန်း ပိုမိုမြင့်မား လာကြောင်း ၊ မတ်လအတွင်းက တစ်ကီလိုကို ကန်ဒေါ်လာ ၅ ဒသမ ၅၇ ဒေါ်လာ အထိ မြင့်မားခဲ့ပြီး ဧပြီလမှာ ဈေးကျသွား သော်လည်း တစ်ကီလိုကို ကန်ဒေါ်လာ ၄ ဒသမ ၅၆ အထိ ဈေးရကြောင်း ၊ ယခုနှစ် တစ်နှစ်လုံးမှာ ရော်ဘာတစ်ကီလိုကို ပျမ်းမျှဈေးနှုန်း ၄ ဒေါ်လာအထိ ရရှိနိုင်ကြောင်း၊ ဒီလိုရော်ဘာဈေးကောင်းလာရာ ရော်ဘာတင်ပို့မှုမှ ဝင်ငွေကန်ဒေါ်လာ ၁ဝ ဘီလီယံအထိရရှိဖို့ မျှော်မှန်းကြောင်း ဥက္ကဌ ဆူဟာတိုက ပြောကြားတယ်။                           ယခုနှစ်အတွင်း အမေရိကန်နဲ့ ဥရောပဒေသစီးပွားရေး နှေးကွေးနေသော်လည်း အင်ဒိုနီးရှား ရော်ဘာ တင်ပို့မှုအပေါ် သိသိသာသာထိခိုက်မှုမရှိနိုင်ကြောင်း၊ အာရှမှ ရော်ဘာဝယ်လိုအား မြင့်မားလာခြင်းက အမေရိကန်နိုင်ငံမှ ရော်ဘာ ဝယ်လိုအားလျော့ကျမှုကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ကြောင်း ဥက္ကဌ ဆူဟာတိုက ပြောကြားတယ်။ အဓိကမှာ အာရှမှ ရော်ဘာ ဝယ်လိုအား အထူးမြင့်မားလာတဲ့ တရုတ်က နိုင်ငံရဲ့ ရော်ဘာ သိုလှောင်ထားရှိမှုကို ပြန်လည်ဖြည့်ဆည်းဖို့ ၂ဝ၁၁ ခုနှစ် ၊ ပထမ ၆ လအတွင်း ရော်ဘာတန်ချိန် ၅၇၄ဝဝဝ ဝန်းကျင်ကို ဝယ်ယူတင်သွင်းခဲ့ရာ တစ်နှစ်ထက်တစ်နှစ် ၄ ဒသမ ၅၇ ရာခိုင်နှုန်း မြင့်မားခဲ့တယ်လို့ သိရတယ်။ ဆက်လက်ပြီးလည်း တရုတ်ရော်ဘာဝယ်လိုအားကောင်းဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ပပ၊Source:wam.ae, reuters, rubbermarketnews.net