Main menu

Background

စားနပ်ရိက္ခာဈေးနှုန်း စိုးရိမ်ဖွယ်ရာ မြင့်မားလာလျှင် ဖြေရှင်းရန် ဗီယက်နမ်အစိုးရ ဆန်တန်ချိန် တစ်သန်းကျော် သိုလှောင်ထား

Sun, 08/28/2011 - 04:11 -- Anonymous (not verified)

စားနပ်ရိက္ခာဈေးနှုန်း စိုးရိမ်ဖွယ်ရာ မြင့်မားလာလျှင် ဖြေရှင်းရန် ဗီယက်နမ်အစိုးရ ဆန်တန်ချိန် တစ်သန်းကျော် သိုလှောင်ထား                ပြည်ပဝယ်လိုအားမြင့်မားလာမှုကြောင့် ဗီယက်နမ် ပြည်တွင်းဆန်ဈေးနှုန်းတွေ မြင့်မားလာမှုကို သက်သာစေဖို့ ဗီယက်နမ်အစိုးရက နိုင်ငံပိုင် သိုလှောင်ဆန်တွေကို ထုတ်ရောင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြတယ်။ အစိုးရ သိုလှောင် ထားတဲ့ဆန်မှာတန်ချိန်တစ်သန်းကျော်ရှိကြောင်း ၊ စားနပ်ရိက္ခာဈေးနှုန်းတွေ စိုးရိမ်ဖွယ်ရာ မြင့်မားလာရင် ထုတ်ရောင်း ချဖို့ စီစဉ်ထားခြင်းဖြစ်ကြောင်း၊ လောလောဆယ် အနေနဲ့ ဒီလိုဆောင်ရွက်ဖို့ လိုအပ်တဲ့ လက္ခဏာမတွေ့သေးကြောင်း လယ်ယာစိုက်ပိုျးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Diep Kinh Tan  က ပြော ကြားတယ်။                    ဗီယက်နမ်ဆန်ကို ဝယ်ယူနေကျ ဖောက်သည်နိုင်ငံတွေ အပြင် ဈေးကွက်သစ်တွေကပါ ဝယ်လိုအား ရှိလာပြီး ယခုနှစ် ဆန်အထွက် တိုးသော်လည်း ဆန်ဈေးမြင့်မားလျက်ရှိတယ်။ ပပ၊ Source:sfgate.com