ဇွန်-ဇူလိုင်လအတွင်း ဗီယက်နမ်က အာဖရိကကို ဆန်တင်ပို့မှု စံချိန်တင်မြင့်တက်

ဇွန်-ဇူလိုင်လအတွင်း ဗီယက်နမ်က အာဖရိကကို ဆန်တင်ပို့မှု စံချိန်တင်မြင့်တက်                ဗီယက်နမ်နိုင်ငံက အာဖရိကဈေးကွက်များကို ယခုနှစ် ပထမ ၇ လအတွင်း ဆန်တင်ပို့မှုမှ ရရှိတဲ့ ဝင်ငွေဟာ ကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံအထိ စံချိန်တင်မြင့်တက် ခဲ့ပြီး၊ ယခင်နှစ်ကာလတူထက် ၂ဝ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ တယ်လို့ ဗီယက်နမ်အကောက်ခွန်ဌာနမှ သိရပါတယ်။ တောင်အာဖရိ က၊ ဆီနီဂေါနဲ့ အီဂျစ်နိုင်ငံတို့ကို ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ၊ ကန်ဒေါ်လာ ၁၅၄ သန်းနဲ့ ၁၂၄ သန်းဖိုးစီ အသီးသီး တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။                   တောင်အာဖရိကကို ကျောက်မျက်နဲ့ အဖိုးတန်သတ္တုများ တင်ပို့မှုလည်း မြင့်တက်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် တောင်အာဖရိကကို ကန်ဒေါ်လာ ၁ ဒသမ ၃၄ ဘီလီယံဖိုးကို ၂၉ ဆ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဆန်တင်ပို့ခြင်းဟာ ဆီနီဂေါကို ကန်ဒေါ်လာ ၁၄၃ သန်းနဲ့ အိုင် ဗရီကို့စ်ကို ကန်ဒေါ်လာ ၈၆ သန်းဖိုးထိ အဓိက တင်ပို့နေဆဲ ဖြစ်ပါတယ်။                    ဒုတိယသုံးလအတွင်း အာဖရိကနိုင်ငံများကို တင်ပို့မှု ပြန်လည်ကောင်းမွန်လာခဲ့ရာ ဇန်နဝါရီမှ မေလအထိ ဈေးကွက် တက်နေခဲ့ပေမယ့် အထူးသဖြင့် အိုင်ဗရီကို့စ်ကို တစ်လ ကန်ဒေါ်လာ ၃၂ သန်းဖိုး တင်ပို့ခဲ့တယ်လို့ အနောက်တောင် အာရှနဲ့အာဖရိကဈေးကွက်များဌာနအတွက် တာဝန်ယူထား တဲ့ ညွှန်ကြားရေးမှူး Ly Quoc Hung က ဆိုပါတယ်။ အိုင်ဗရီကို့စ်နဲ့ မြောက်အာဖရိကနိုင်ငံများရဲ့ နိုင်ငံရေးအခြေ အနေများ ပြန်လည်ကောင်းမွန် လာခဲ့ပြီဖြစ်ပြီး၊ အခြေခံ စားကုန်ဝယ်လိုအား ပိုမိုမြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။ အဲဒီအခွင့် အရေးက ဗီယက်နမ်အတွက် အဲဒီဈေးကွက်များကို ထပ်မံ ထိုးဖောက်ဖို့ ဖြစ်လာစေပါတယ်လို့ Hung က ထပ်လောင်း ပြောကြားပါတယ်။                           ယခုနှစ် အာဖရိကကို ဗီယက်နမ်က စုစုပေါင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၃ ဘီလီယံဖိုး ရရှိခဲ့လို့ ယခင်နှစ် ရရှိတဲ့ ကန်ဒေါ်လာ ၁ ဒသမ ၇၈ ဘီလီယံဖိုးနဲ့ နှိုင်းယှဉ်ရင် ၇ဝ ရာခိုင်နှုန်း မြင့်တက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ စက်မှု လက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနက အဲဒီဈေးကွက် သုံးခုကို ကုန်သွယ်ရေးတိုးမြင့်ဖို့နဲ့ ဈေးကွက် သုတေသနပြုဖို့အတွက် သြဂုတ်လ နှောင်းပိုင်းမှာ ကင်မရွန်းနဲ့ အာဖရိကအလယ်ပိုင်း ကို သွားရောက်မှာ ဖြစ်ပြီး အောက်တိုဘာလအစပိုင်းမှာ ဆီနီ ဂေါနဲ့ ဆီရာလီယွန်နဲ့ နိုဝင်ဘာလမှာ နိုက်ဂျီး ရီးယားကို သွားရောက် ဖို့စီစဉ်ထားကြောင်း သိရပါတယ်။ ၂ဝ၁၁- ၂ဝ၁၃ ကာလအတွင်း ဗီယက်နမ်- အာဖရိက ကုန် သွယ်မှု အစီအစဉ် တစ်ခုအနေနဲ့ စုစုပေါင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၆-၇ ဘီလီယံရရှိဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။ လဝန်း Source: saigon Times