Main menu

Background

မတ်ပဲ FOB အရောင်းအဝယ် ပုံမှန်ရှိ

Sun, 08/28/2011 - 04:20 -- Anonymous (not verified)

မတ်ပဲ FOB အရောင်းအဝယ် ပုံမှန်ရှိ                  ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲကို ပြည်ပအဝယ်ပုံမှန် ရှိနေတယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်လိုပဲ ယခုတစ်ပတ် (သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်နေ့ထိ) အတွင်းမှာလည်း ပြည်ပ အရောင်းအဝယ် တန်ချိန် ၁၄၁ဝဝ ကျော် စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။                  ပြည်ပဝယ်လက်တွေ အဝယ်ရှိနေပြီး၊ ပြည်ပပို့ကုန်ခွန်များ လျှော့ချခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များ များများ တင်ပို့လိုပေမယ့် ပို့ကုန်ဝင်ငွေ တစ်ယူနစ်ဈေးနှုန်း အပြောင်းအလဲများပြီး၊ မတည်ငြိမ်မှုကြောင့် အရောင်းအဝယ်ဖြစ်သင့်သလောက် မဖြစ်ဘူးလို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ယခုတစ်ပတ် ပဲဈေးတွေ အနည်းငယ်တက်လာပြီး၊ ပြည်ပအဝယ်ရှိပေမယ့် ပို့ကုန် ဝင်ငွေဈေးနှုန်းကြောင့် FOB ဈေးအနည်းငယ် လျော့ကျလာခဲ့ပါတယ်။ မတ်ပဲ FOB ဈေးများ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။     ဒေါ်လာ/တန်                  မတ်ပဲ(FAQ)        မတ်ပဲ(SQ)၂၆-၈-၁၁     ၇၄ဝ-၇၆ဝ           ၈၃ဝ-၈၅ဝ၁၈-၈-၁၁     ၇၄ဝ-၇၆ဝ          ၈၃၅-၈၅၅                                                           MIRT(MAPT)