Main menu

Background

ပဲစင်းငုံ ပြည်ပအဝယ်လိုက်

Sun, 08/28/2011 - 04:30 -- Anonymous (not verified)

ပဲစင်းငုံ ပြည်ပအဝယ်လိုက်                ယခုတစ်ပတ် သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း ရန်ကုန် တိုင်းဒေသကြီး၊ ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အိန္ဒိယဝယ်လက်များ ပဲစင်းငုံကို အဝယ်လိုက်တယ်လို့ သိရပါတယ်။ ပဲစင်းငုံ အနီစရော၊ ရှမ်းစအကြီးနဲ့ လင်းခေးစများ အရောင်းအဝယ်ဖြစ်မှုဟာ ယခုတစ်ပတ်မှာ တန်ချိန် ၁၁ဝဝဝ ခန့် ရှိတယ်လို့ သိရပါတယ်။ သြဂုတ်လ ၂၅ ရက်အထိ စုစုပေါင်း အရောင်းအဝယ်ချုပ် ဆိုမှုမှာ ပဲစင်းငုံဖြူနီ၊ အနီနဲ့ ခွဲခြမ်းစုစုပေါင်း တန်ချိန် နှစ်သောင်းကျော်တယ်လို့ သိရပါတယ်။               ပြည်ပအဝယ်လိုက်ပြီး အရောင်းအဝယ်ဖြစ်မှုများပေမယ့် ပို့ကုန်ဝင်ငွေလဲနှုန်း အပြောင်းအလဲကြောင့် FOB ဈေးကတော့ အပြောင်းအလဲမရှိ ငြိမ်နေတာတွေ့ရပါတယ်။ သြဂုတ်လ ၂၆ ရက် FOB ဈေးအနေနဲ့ ပဲစင်းငုံနီ(FAQ)တစ်တန် ကန်ဒေါ်လာ၅၅ဝ-၅၇ဝ၊ ဖြူနီ (FAQ)တစ်တန် ကန်ဒေါ်လာ ၄၃ဝ-၄၅ဝနဲ့ ပဲစင်းငုံနီ အဟောင်း တစ်တန် ကန်ဒေါ်လာ ၅၄ဝ-၅၆ဝ ဈေးနဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT