Main menu

Background

ယခုတစ်ပတ် အိန္ဒိယဈေးကွက် ပဲစင်းငုံဈေးအတက်ဘက်ချီတက်

Sun, 08/28/2011 - 04:32 -- Anonymous (not verified)

ယခုတစ်ပတ် အိန္ဒိယဈေးကွက် ပဲစင်းငုံဈေးအတက်ဘက်ချီတက်                ယခုတစ်ပတ်အတွင်း အိန္ဒိယပဲဈေးကွက်များမှာ ပဲစင်းငုံဈေးနှုန်း အတက်အကျ အပြောင်းအလဲများ ဖြစ်ပေါ်ပေမယ့် အတက်ဘက်ကို ဦးတည်နေတာ တွေ့ရပါတယ်။ ဈေးကွက်တွေမှာ အနိမ့်ဆုံးထောက်ပံ့ဈေး အောက်နဲ့ ရောင်းချနေတဲ့အတွက် အဝယ်ရှိနေခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ ဈေးကွက်မှာ ပဲစင်းငုံ စိုက်ပျိုးပြီးစီးမှု သတင်းကို စောင့်ကြည့်လျက်ရှိပြီး စိုက်ဧရိယာဟာ ယခင်နှစ် ထက် ၁၆ ရာခိုင်နှုန်းကျော် လျော့ကျလို့ ထုတ်လုပ်မှုလည်း သိသိသာသာကျဆင်း နိုင်တယ်လို့ သိရပါတယ်။ ပွဲတော်အတွက် ဝယ်လိုအား ရှိလာနိုင်ခြင်းနဲ့ ပဲအသစ် ဈေးကွက်အတွင်းဝင်ဖို့ ၃ လကျော် လိုအပ်နေခြင်းက ဈေးနှုန်းဆက်လက်ခိုင်မာဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။          ဒေါ်လာ/ တန်                      ၂၅-၈-၁၁         ၂၄-၈-၁၁          ၂၃-၈-၁၁            ၂ဝ-၈-၁၁မွန်ဘိုင်း               ၆၂၈               ၆၁၂              ၆၁၈-၆၂၄              ၅၈၆ဒေလီ                    -                 ၆၅၃-၆၅၅          ၆၅၄-၆၅၇          ၆၃၅-၆၃၇ချန်နိုင်း              ၆၁၇                 ၆၁၂                  ၆၂၄                ၅၈ဝ-၅၉၁MIRT(MAPT)