Main menu

Background

အိန္ဒိယ ကုလားပဲဈေးအနည်းငယ်တိုး

Sun, 08/28/2011 - 05:04 -- Anonymous (not verified)

အိန္ဒိယ ကုလားပဲဈေးအနည်းငယ်တိုး                အိန္ဒိယပြည်တွင်း ဈေးကွက်များမှာ ယခုတစ်ပတ်အတွင်း ဝယ်လိုအားကောင်း နေတာကြောင့် ကုလားပဲ ဈေးအနည်းငယ်တိုးလာပါတယ်။ ကနေဒါနဲ့ အမေရိကန် တို့မှာ ထုတ်လုပ်မှုကျဆင်းဖွယ်ရှိခြင်းကြောင့် နိုင်ငံတကာ ဈေးခိုင်မာနေခြင်းအပြင် ပြည်တွင်းဝယ်လိုအား ကောင်းမွန်နေခြင်းက ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေပါ တယ်။ မိုးပဲစိုက်ဧက ကျဆင်းခြင်းကြောင့် မိုးပဲအထွက်လျော့ကျဖွယ်ရှိခြင်းက ဈေးကွက်ကို လွှမ်းမိုးနေပါတယ်။ ကုလားပဲကို စက်တင်ဘာ-အောက်တိုဘာမှာ စတင် တော့မှာဖြစ်ပြီး၊ ရာသီဥတုအခြေအနေအရ စိုက်ပိုျးမှု တိုးတက်ဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ လာမယ့်လများမှာ ဝယ်လိုအားက ဈေးနှုန်းကို ပြောင်းလဲစေနိုင် ပါတယ်။ ဈေးကွက် အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ၊ နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်။             ဒေါ်လာ/ တန်                       ၂၅-၈-၁၁             ၂၄-၈-၁၁             ၂၃-၈-၁၁              ၂ဝ-၈-၁၁မွန်ဘိုင်း              ၅၉၅                    ၅၇၉                     ၅၉၁                ၅၇၅-၅၈ဝဒေလီ                   -                       ၆၈၈-၆၉၄            ၆၈၉-၆၉၅          ၆၅၂-၆၅၇ကန်ပါ ၇ဝ၁ ၇ဝ၆ ၇၁၁ ၆၇၉MIRT(MAPT)