Main menu

Background

ထောပတ်ပဲ ပုံမှန်တင်ပြီး မြေထောက်ပဲ တင်ပို့မှုလျော့

Sun, 08/28/2011 - 05:12 -- Anonymous (not verified)

ထောပတ်ပဲ ပုံမှန်တင်ပြီး မြေထောက်ပဲ တင်ပို့မှုလျော့               ပင်လယ်ရေကြောင်းက ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှုဟာ ယခု သီတင်းပတ်မှာ မြေထောက်ပဲ ၂၅ တန်ကျော်နဲ့ ထောပတ်ပဲ တန် ၂၄ဝ ခန့်ရှိလို့ ယခင်သီတင်းပတ်တွေထက် မြေထောက်ပဲ တင်ပို့မှု သိသိသာသာ လျော့ကျခဲ့ပါတယ်။ လက်ကျန်နည်းလာပြီဖြစ်လို့ တင်ပို့မှု လျော့ကျလာတာဖြစ်ပါတယ်။ မြေ ထောက်ပဲကို ထိုင်း၊ စင်ကာပူနဲ့ အိန္ဒိယကိုတင်ပို့ပြီး၊ ထောပတ်ပဲကို အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှားနဲ့ စင်ကာပူတို့ကို တင်ပို့ပါတယ်။                ၂ဝ၁၁-၁၂ လက်ရှိဘဏ္ဍာနှစ် သြဂုတ်လ ၁၉ ရက်နေ့အထိ ပင်လယ်ရေ ကြောင်းက တင်ပို့ပြီးစီးမှုဟာ ထောပတ်ပဲတန် ၁၁ဝဝဝ ကျော်ပြီး၊ မြေထောက်ပဲ တန် ၆ဝဝဝ ကျော်ရှိလို့ ယခင်ဘဏ္ဍာနှစ်ကာလတူ တင်ပို့ခဲ့တဲ့ ထောပတ်ပဲတန် ၈၂ဝဝ ခန့်နဲ့ မြေထောက်ပဲတန် ၄၆ဝဝ ခန့်ထက် ပိုမိုတင်ပို့တာ တွေ့ရပါတယ်။ MIRT - MAPT