Main menu

Background

ချင်းရွှေဟော်ရဲ့ ပဲယင်း တင်ပို့မှု

Sun, 08/28/2011 - 05:16 -- Anonymous (not verified)

ချင်းရွှေဟော်ရဲ့ ပဲယင်း တင်ပို့မှု            သြဂုတ်လ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်များမှ ပဲယင်း (ချင်းပဲ) များ အပို့ရှိခဲ့ပါတယ်။ စစ်ကိုင်းနဲ့ မကွေးတိုင်း ဒေသကြီးများက ထွက်ရှိတဲ့ ပဲယင်းများကို တင်ပို့တာဖြစ်ပြီး ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၂၈၃သန်းတန်ဖိုးရှိ ပဲယင်း ၅၁ဝ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်မှသာ တန် ၃ဝဝ ကျော် အပို့ရှိခဲ့တာဖြစ်လို့ ယခုအပတ်မှာ တန် ၂ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ် အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ တန် ၄၉ဝ ကျော်နဲ့ ချင်းရွှေ ဟော်က တန် ၂ဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ မိမိဘက်မြေပြင်ဈေး ပြောင်းလဲမှု မရှိသော်လည်း တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးကတော့ ဒေါ်လာ ၅ဝ ခန့်ကျနေ ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ် -                   မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)         ယခု        ယခင်      ပြောင်းလဲမှု    %      ယခု       ယခင်      ပြောင်းလဲမှု    %  ၃၂၈၃၃၂   ၃၂၈၃၃၂              -           -       ၄၇ဝ        ၅၁၇            ၄၇         ၉MIRT (DOBT)