Main menu

Background

ဝက်ကော်ကျေးရွာမှ မြန်မာ့ရိုးရာ ဝါးဦးထုပ်လေးများ

Tue, 08/30/2011 - 06:12 -- Anonymous (not verified)

ဝက်ကော်ကျေးရွာမှ မြန်မာ့ရိုးရာ ဝါးဦးထုပ်လေးများ                  ဝါးဦးထုပ်/ဝါးခမောက်ဆိုတာ တောင်သူ လယ်သမားတွေအတွက် မရှိမဖြစ်အသုံးအဆောင် များထဲက တစ်ခုပါ။ မြို့ပြမှာလည်း လူလတ်တန်း စားများနဲ့ လက်လုပ်လက်စားအများစုက ယနေ့ အထိ သုံးစွဲနေဆဲပါ။ ခေတ်မမီပေမယ့် လည်း မြန်မာ့ရာသီဥတု နဲ့ကိုက်ညီပြီး ဈေးနှုန်းချိုသာတာ ကြောင့် ယနေ့အထိ ဈေးကွက်ရှိနေသေးတဲ့ မြန်မာ့ရိုးရာလက်မှုပစ္စည်းလေးတွေပါ။ ဝါးဦးထုပ်/ဝါးခ မောက်ထုတ်လုပ်တဲ့ လုပ်ငန်းကလည်း ကျေးလက်နေ ပြည်သူတွေအတွက် လယ်ယာလုပ်ငန်းခွင် အားလပ်ချိန်မှာ အပိုဝင်ငွေရစေတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။ မြန်မာ့ရိုးရာဝါးဦးထုပ်/ဝါးခမောက် ထုတ်လုပ်တဲ့လုပ်ငန်းကို လေ့လာဖို့အတွက် ဇီးကုန်း မြို့နယ်၊ ဝက်ကော်ကျေးရွာ၊ ပြည်-ရန်ကုန် ကား လမ်းဘေးရှိ ဝေဠုဝါးခမောက် ကုန်ထုတ်သမဝါ ယမအသင်းလီမိတက်သို့ သွားရောက်ခဲ့ပါတယ်။ အသင်းဥက္ကဌ ဦးမင်းဒင်နဲ့တွေ့ဆုံပြီး ဝါးဦးထုပ်/ ဝါးခမောက် ထုတ်လုပ်နေမှု အခြေအနေများ၊ လုပ်ငန်းသဘာဝများအကြောင်း လေ့လာမေးမြန်း ခဲ့ပါတယ်။                    ဝါးဦးထုပ်/ဝါးခမောက် လေးတစ်လုံးဖြစ်ဖို့ ဝါးပိုးဝါးကရတဲ့ ဝါးပလပ်၊ ကြသောင်းဝါး၊ ချည်နဲ့ ဖယောင်းတို့ကို လက်မှုအတတ်ပညာနဲ့ ပေါင်းစပ် အကောင်အထည်ဖေါ်မှရတာပါလို့ ဝက်ကော်ရွာ၊ ဝေဠု ဝါးခမောက် ကုန်ထုတ်သမဝါယမအသင်း လီမိတက်ဥက္ကဋ္ဌ ဦးမင်းဒင်က ရှင်းပြခဲ့ပါတယ်။ ''အဓိက ကုန်ကြမ်းဖြစ်တဲ့ ဝါးပိုးဝါးပလပ်က မိုးညို၊ ကြံခင်း၊ မြန်အောင်မြို့နယ်တွေကို မှာဝယ် ရပါတယ်။ ဝါးပလပ်အရွက်ငါးရာပါ တစ်ထုပ်ကို ကျပ် ၆ဝဝဝ ဝန်းကျင်ပေးရတယ်''  ဝါးပလပ်ဆိုတာ ဝါးပပ်ကို ပြောတာလား။ဝါးပလပ်ကိုဘယ်အချိန်မှာ ဝယ်ရသလဲ။                ဟုတ်ပါတယ်၊ ဝါးပလပ်ဆိုတာ ဝါးဆစ် တစ်ခုနဲ့ တစ်ခုကြားက ဝါးရဲ့အပြင်ခွံ ဝါးပပ်ပါ။ ဝါးပိုးဝါးရဲ့အလယ်ပိုင်းကရတဲ့ ဝါးပလပ်က အသား မာပြီး ပြောင်နေတဲ့အတွက် ဝါးဦးထုပ်/ဝါးခ မောက်လုပ်ဖို့ အကောင်းဆုံးပါ၊ ဝါးပလပ်ပေါ် ချိန်က အောက်တိုဘာလကနေ ဇွန်လအထိပါ။ သူ့ရာသီချိန်မှာ ကိုယ်ထုတ်လုပ်မယ့် ပစ္စည်းအရေ အတွက်နဲ့ ငွေအင်အားပေါ်မူတည်ပြီး တစ်နှစ်စာ ကြိုဝယ်ရတာပါ။ ဒုတိယကုန်ကြမ်းဖြစ်တဲ့ ကြသောင်းဝါးကိုရော ဘယ်ကနေဝယ်ပါသလဲ                 ကြသောင်းဝါးကတော့ ပဲခူးရိုးမက ဝါးကိုပဲ သုံးပါတယ်။ ဝါးလှည်းတွေမှာ ဝါးတစ်လုံးတန်ဖိုး ဈေးဖြတ်ပြီး လှည်းတစ်စီးအရှိ (အပြတ်) ဝယ်ရ တာပါ။ ဝါးတစ်လုံးကျပ် ၅ဝဝ နှုန်းလောက်တော့ ကျပါတယ်။ ဝါး ကိုရော တစ်နှစ်စာ ကြိုဝယ်ရတာပါလား။                    ကြိုဝယ်ရတာပါပဲ၊ ဒါပေမယ့် ဒီအတိုင်းသိမ်း လို့မရပါဘူး၊ ဝါးဂွေရအောင်ပြုပင်ပြီးမှ သိမ်းလို့ရ ပါတယ်။ ဝါးကို လိုအပ်တဲ့အနေအထားရအောင် စိတ်ပြီး ဂွင်းကွင်းရတယ်။ ဝါးကွင်းတွေကို ဝါးအနု၊ အရင့်လိုက်ပြီး ရေစိမ်ရတယ်။ ရေစိမ်ပြီး ရင် ခြောက် အောင်လှန်းရပါတယ်။ ခြောက်မှ တစ်နှစ်စာသိမ်း ထားပါတယ်။ တတိယကုန်ကြမ်းဖြစ်တဲ့ ချည်ကို ဘယ်လိုချည်မျိုးသုံးရပါသလဲ။                         ဘိလပ်ချည်ကို အဖူးအရွက်တွဲတဲ့နေရာနဲ့ အရွက်အနားကွပ်တဲ့နေရာမှာသုံးပါတယ်။ ဘိလပ် ချည်ဆိုတာဟာ ဘိလပ်မြေအိတ်တွေ ချုပ်တဲ့ ချည်တွေပါ။ စက်ရုံလေလံသမားတွေ လာရောင်း ပါတယ်။ တစ်ပိဿာကို ကျပ် ၄ဝဝဝ လောက် ပေးရပါတယ်။ အဖူးခုျပ်ချည်က သုံးပင်ချည်ဖြစ်ပြီး ရန်ကုန်က ဝယ်ပါတယ်။ တစ်ပိဿာကို ကျပ် ၇ဝဝဝ လောက်ပေးရပါတယ်။ နောက်ဆုံးကုန် ကြမ်းက ဖယောင်းဖြစ်ပြီး ချည်စာတိုက်ရာမှာ သုံးပါတယ်။ အရင်က ပျားဖယောင်းသုံးပြီး အခု တော့ ထင်းရှူးဆီ၊ ဖယောင်းတုံးတို့နဲ့ ကိုယ်တိုင် ဖယောင်းချက်သုံးပါတယ်။ ဇာက တချို့ဦးထုပ် တွေရဲ့ အဖူးအတွင်းဖက်မှာ ထည့်တာပါ။ ဇာထည့် ရင် ဦးထုပ်အနားကို ပလတ်စတစ်နဲ့ ကွပ်ပေးရ ပါတယ်။(ဆက်လက်ဖော်ပြပါမည်)။