ပေးကားပေး၏ မရ မဖြစ်စေလိုပါ လယ်ယာကဏ္ဍဖွံ့ဖြိုးရးကို ဦးတည်ပြီး ၂ဝဝ၉ ခုနှစ်မှစ၍ ဆန်စပါးအထူးပြု ကုမ္ပဏီများဖွဲ့စည်း လျက် တောင်သူလယ်သမားများ အထွက်တိုးရေး၊ အရည်အသွေးကောင်းစပါးများ စိုက်ပျိုးထုတ်လုပ်ရေး၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာကူးပြောင်းရေးအစရှိတဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးသာမက လယ်ယာကဏ္ဍနဲ့ဆက်စပ်တဲ့ စိုက်ပျိုးထုတ်လုပ်၊ ကြိတ်ခွဲ၊ သိုလှောင်၊ ရောင်းချတင်ပို့ရေးအစရှိတဲ့ Supply Chain Mechanism တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ စတင်စိုက်ပျိုးချိန်ကစပြီး မျိုး၊ သွင်းအားစု၊ နည်းပညာ၊ စက်ကိရိယာများကို အထူးပြု ကုမ္ပဏီများအလိုက် မိမိတို့တတ်နိုင်ရင် တတ်နိုင်သလို နည်းလမ်းပေါင်းစုံနဲ့ ပံ့ပိုးလျက်ရှိပါတယ်။ ဒါကြောင့် အခြေခံကျတဲ့ တောင်သူလယ်သမားများအတွက် အထူးပြုကုမ္ပဏီများရဲ့ စေတနာကို နားလည်ဖို့လိုပါတယ်။ အထူးပြုကုမ္ပဏီများဟာ မိမိတို့ရဲ့ ကိုယ်ပိုင်ငွေကြေးများကို အထောက်အထား တစ်စုံတစ်ရာမရှိဘဲ တောင်သူတွေကြီးပွားဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ထုတ်ပေးတာ ဖြစ်လို့ တောင်သူများဘက် ကလည်း ပေးတဲ့ငွေကြေး၊ သွင်းအားစု၊ စက်ပစ္စည်းကိရိယာတို့ကို တန်ဖိုးရှိရှိ သုံးဖို့လိုပါတယ်။ တန်ဖိုးရှိရှိ သုံးတယ်ဆိုတာကတော့ လယ်ယာလုပ်ငန်းခွင်မှာပဲ သုံးစွဲဖို့ပါပဲ။ အဲဒီလိုသာ သုံးစွဲမယ် ဆိုရင် တောင်သူများ အထွက်တိုးရန်၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ရန် အလေ အလွင့်နည်းနည်းနဲ့ စိုက်ပျိုးထုတ်လုပ်နိုင်မှာ အမှန်တ ကယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ထုတ်ပေး တဲ့အချိန်မှာ ငွေကိုယူပြီး၊ လယ်ယာကဏ္ဍနဲ့မဆိုင်တဲ့ TV၊ ဆိုင်ကယ်အစရှိတဲ့ ဇိမ်ခံပစ္စည်းတွေဝယ်၊ ဒါမှမဟုတ် ငွေရတာ နဲ့ သောက်စားမူးယစ်၊ လောင်းကစားလုပ်မယ်ဆိုရင် လယ်ထဲကို ထည့်သွင်းမဲ့ငွေတွေ အလဟဿ ကုန်သွားနိုင်ပါတယ်။ ဒါကြောင့် လယ်ယာမြေမှာ အကိုျးမရှိဘဲ မျှော်မှန်းတဲ့အထွက်နှုန်းနဲ့ မျှော်မှန်းတဲ့ မျိုးကောင်း၊ မျိုးသန့် မရနိုင်တော့ပါဘူး။ အဲဒီလိုမထွက်ရင် ဒုံရင်းပြန်ရောက်ပြီး ''ပေးကားပေး၏မရ'' ဖြစ်မှာပါ။
Background