မန်းကုန်စည်ဒိုင်တွင် LED Board တပ်ဆင်၍ ကုန်ဈေးနှုန်းများကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြ
မန်းကုန်စည်ဒိုင်တွင် LED Board တပ်ဆင်၍ ကုန်ဈေးနှုန်းများကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြ မန္တလေးမြို့ ပွဲစားကုန်သည် စက်ပိုင်များ ကထိန်တော်အသင်း အရောင်းအဝယ်ပြုလုပ်ရာ၊ နေရာဘေး ပတ်လည်တွင် ယခု ၂၃ ရက်မှစ၍ LED Board များ တပ်ဆင်လိုက်ကြောင်း သိရ ပါတယ်။ အဆိုပါ LED Board ကို ကုန်စည်ဒိုင် ပိတ်ရက် ဥပုသ်နေ့မှအပ ကုန်စည်ဒိုင်ဖွင့်ရက် ကုန် သည်များ အရောင်းအဝယ်ပြုလုပ်ချိန် နံနက် ၉ နာရီမှ နေ့လယ် ၁၁ နာရီအတွင်း ဖွင့်လှစ်ပြသ ထားမှာဖြစ်ပါတယ်။ LED Board တွင် နေ့စဉ်ဖြစ် ပေါ်တဲ့ ကုန်ဈေးနှုန်းများကို အချိန်နဲ့ တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်တဲ့အတိုင်း ပြောင်းလဲဖော်ပြထား မှာဖြစ်ပါတယ်။ ၎င်းအပြင် ကမ္ဘာ့ရွှေဈေးနှုန်း၊ ငွေလဲဈေးနှုန်း နဲ့ Earning ဈေးများလည်း ဖော်ပြထားမှာ ဖြစ်ကြောင်း၊ ကုန်ဝင်ကုန်ထွက် စာရင်းများနဲ့ သင်္ဘောအတင်အချ စာရင်းများလည်း ဖော်ပြရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ LED Board အကျယ်မှာ အလျား ပေ ၁ဝဝ၊ အနံ ၁ပေရှိ၍ ဈေးကွက်အခြေအနေသိရှိရန် ရည်ရွယ်၍ တပ် ဆင်ခြင်းဖြစ်ကြောင်း၊ ကုန်စည်ဒိုင်များအကြား မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ ကထိန် တော်အတွင်း တပ်ဆင်မှုမှာ ပထမဆုံးတပ်ဆင် ခြင်းဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းစာရွက်များကိုလည်း မူလအတိုင်း ဖြန့်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး
