Main menu

Background

အင်ဒိုနီးရှား ပြည်ပတင်ပို့ခွန်ပြင်ဆင်မှုကြောင့် စားအုန်းဆီကြမ်းဈေး ၂ပတ်အတွင်း အနိမ့်ဆုံးကိုလျော့ကျ

Tue, 08/30/2011 - 06:41 -- Anonymous (not verified)

အင်ဒိုနီးရှား ပြည်ပတင်ပို့ခွန်ပြင်ဆင်မှုကြောင့် စားအုန်းဆီကြမ်းဈေး ၂ပတ်အတွင်း အနိမ့်ဆုံးကိုလျော့ကျ                   စားအုန်းဆီ အဓိကထုတ်လုပ်တဲ့ အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီတင်ပို့ခွန်ကို ပြန်လည်ပြင်ဆင်မှုကြောင့် မလေးရှားဘာစာကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်းကြိုပွိုင့် ဈေးများ သီတင်း ၂ ပတ်အတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။ နိုဝင်ဘာလ အခြေခံ စံနှုန်း စားအုန်းဆီကြမ်းဈေးဟာ ၂ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး၊ တစ်တန်ကို ရင်းဂစ် ၂၉၇၈ဝ (ကန်ဒေါ်လာ ၉၉၅) ဖြစ်ခဲ့လို့ သြဂုတ်လ ၁၁ ရက်နောက်ပိုင်း အနိမ့်ဆုံးကို လျော့ကျခဲ့ပါတယ်။                          မလေးရှားစားအုန်းဆီသန့်စင်စက်များက အင်ဒိုနီးရှားအစိုးရရဲ့ ဝယ်လက်တွေ ကို ပိုမိုဆွဲဆောင်ဖို့ အခွန်ကို ပြန်လည်ပြင်ဆင်မယ့်ကိစ္စအပေါ် စိုးရိမ်မှုဖြစ်ခဲ့တယ်လို့ မွန်ဘိုင်းမှ ကုန်သည်တစ်ဦးကဆိုပါတယ်။ အောက်တိုဘာလ ၁ ရက်မှာ စတင် အကံျုးဝင်မယ့် အင်ဒိုနီးရှားနဲ့ စားအုန်းဆီအမြင့်ဆုံးတင်ပို့ခွန်ကို ၂၅ရာခိုင်နှုန်းမှ ၂၂ ဒသမ ၅ ရာခိုင်နှုန်းကို လျှော့ချပြီး၊ အနိမ့်ဆုံးအခွန်နှုန်းကို ၁ ဒသမ ၅ ရာခိုင်နှုန်းမှ ၇ ဒသမ ၅ ရာခိုင်နှုန်းကို တိုးမြင့်ခဲ့တယ်လို့ ဝန်ကြီးဌာနကဆိုပါတယ်။ မလေးရှားနိုင်ငံရဲ့ သြဂုတ်လ ၁ ရက်မှ ၂၅ ရက်အတွင်း စားအုန်းဆီတင်ပို့မှုဟာ တန်ချိန် ၁ ဒသမ ၃၆ သန်းနဲ့ ၁ ဒသမ ၃၇ သန်းရှိတယ်လို့Intertek Agri Services နဲ့ Y SGS  တို့မှ ဖော်ပြထားပါတယ်။ ဝယ်လိုအားနည်းခြင်းနဲ့ အင်ဒိုနီးရှားရဲ့ ပြည်ပတင်ပို့ခွန် လျှော့ချခြင်းတို့ကြောင့် မကြာခင် စားအုန်းဆီတစ်တန်ရင်းဂစ် ၂၉၁၇ (ကန်ဒေါ်လာ ၉၇၄) အထိ ကျဆင်းနိုင်တယ်လို့ ကွာလာလမ်ပူရှိ ကုန်သည် တစ်ဦးက ဆိုပါတယ်။ စားအုန်းဆီဈေးကျဆင်းနိုင်ခြင်း အကြောင်းရင်းတစ်ခုက အမေရိကန်ပဲပုပ်သီးနံှထွက်ရှိမှုအခြေအနေကြောင့်ပါလို့လည်းဆိုပါတယ်။ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လအတွက် သန့်စင်ပြီးစားအုန်းဆီခဲ(Palm olien) FOBဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၈ဝ နဲ့ ၁ဝ၈၂ ဒသမ ၅ဝ ဈေးရှိပြီး ချက်ချင်း ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက ရင်းဂစ် ၃ဝ လျော့ကျပြီး၊ တစ်တန်ကို ရင်းဂစ် ၃၁၂ဝ (ကန်ဒေါ်လာ ၁ဝ၄၂) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com