Main menu

Background

ပြည်ပဲပုပ် ပုံမှန်အရောင်းအဝယ်ဖြစ်

Tue, 08/30/2011 - 06:46 -- Anonymous (not verified)

ပြည်ပဲပုပ် ပုံမှန်အရောင်းအဝယ်ဖြစ်                 ပြည်ဈေးကွက်တွင် ပဲပုပ်ကို ယခုတစ်ပတ်မှာလက်လီဈေး၊ လက်ကား ဈေးနှစ်မျိုးဖြင့် အရောင်းအဝယ် ဖြစ် တယ်လို့ သိရပါတယ်။ ပိဿာ ၂ဝ တစ်တင်းကို လက်လီဈေး ၁၇ဝဝဝ ကျပ်၊ လက်ကားဈေး ၁၆၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး၊ ယခု ရက် ပိုင်းမှာတော့ ပဲပုပ်ကို ပဲပြား ပြုလုပ်သူ များသာ အဝယ်ရှိပြီး၊ တစ်နေ့ကို ၁၅ အိတ်ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပဲပုပ်ကို ဒေသတွင်း ဝယ် ယူသူများဖြင့်သာ အရောင်းအဝယ်ပုံမှန် ဖြစ်ကြောင်း သိရပါတယ်။ ဆုမွန်မွန်ဆွေ