Main menu

Background

ပြည်ဈေးကွက်တွင် မြေပဲဆံများသာမက မြေပဲတောင့်များလည်း အရောင်းအဝယ်ဖြစ်

Tue, 08/30/2011 - 06:47 -- Anonymous (not verified)

ပြည်ဈေးကွက်တွင် မြေပဲဆံများသာမက မြေပဲတောင့်များလည်း အရောင်းအဝယ်ဖြစ်                   မိုးမြေပဲအသစ်များကို ပြည်ဈေးကွက်သို့ ကြံခင်း၊ အောင်လံ၊ ရွှေတောင်နဲ့ ပေါက်ခေါင်းမြို့နယ်ဘက်မှ တစ်နေ့ လျှင် အိတ် ၂ဝဝဝ ခန့် ဝင်ရောက်လာသော်လည်း ဈေးမှာ ငြိမ်နေတာတွေ့ရပါတယ်။ ပြည်မြို့ရှိ ဆီစက် သမားများနဲ့ ရန်ကုန်ရှိ ဆီစက်သမားများက ရသလောက်အဝယ်ရှိနေတာ တွေ့ရပါတယ်။ ပြည်မြို့ရှိပွဲရုံများနဲ့ ဆီစက်သမားများက မြေပဲ တောင့်များကိုလည်း အဝယ်ရှိနေတာတွေ့ရပါတယ်။ မြေပဲ အစိုတောင့်တစ်တင်းလျှင် ၈ဝဝဝ ကျပ်ဈေးရှိပြီး၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၂ဝဝ ကျပ်နဲ့ လုံးဆံ တစ်ပိဿာလျှင် ၁၅ဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်နေတာတွေ့ရပါ တယ်။ မြေပဲဆီတစ်ပိဿာလျှင် ၃၅ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း