Main menu

Background

ပြည်တွင်း နို့ဆီ လက်လီဈေးများ

Tue, 08/30/2011 - 06:52 -- Anonymous (not verified)

နို့ဆီအဝင် တန် ၃ဝဝ ကျော်                 ဒီသီတင်းပတ်ဖြစ်တဲ့ သြဂုတ် ၁၄ ရက်မှ ၂ဝ ရက်တာကာလအတွင်း နို့ဆီ ၃၂၂ ဒသမ ၅ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းကျော်ဖိုးကို ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ ပါတယ်။ ဒီသီတင်းပတ်မှာလည်း စင်ကာပူနိုင်ငံမှ တင်သွင်းလာတာ ဖြစ်ပါတယ်။ နို့စိမ်းက ဒီသီတင်းပတ်မှာလည်း တင်သွင်းခြင်းမရှိပါဘူး။ ယခင် သီတင်းပတ် နို့ဆီတန်ချိန် တစ်ရာ့ ရှစ်ဆယ်ကျော် တင်သွင်းခဲ့တာ တွေ့ရ ပါတယ်။                     နို့မှုန့်က ဘူဂေးရီးယားနိုင်ငံမှ ၇ ဒသမ ၃၉ တန်၊ မလေးရှားနိုင်ငံမှ ၁၈ ဒသမ ၉၂ တန်၊ သြစတြေးလျနိုင်ငံမှ ၁၇ တန်၊ နယူးဇီလန်နိုင်ငံမှ ၁၄ တန်နဲ့ စင်ကာပူနိုင်ငံမှ ၁ ဒသမ ၂၅ တန် စုစု ပေါင်း ၅၈ ဒသမ ၅၆ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ၈၆ တန်ကျော်တင်သွင်းနိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်အဝင်နဲ့ယှဉ်ရင် ၂၇ တန် ကျော်လောက်လျော့နည်းပြီး တင်သွင်း ခဲ့တာ တွေ့ရပါတယ်။MIRT (DOT) နယ်စပ်က နို့ဆီ၊ နို့စိမ်း တန် ၂ဝဝ ကျော်သွင်း                       မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ သြဂုတ် ၁၇ ရက်မှ ၂၃ ရက် ထိကာလ အတွင်း ကန်ဒေါ်လာ ၁၂၉ဝဝ တန်ဖိုး ရှိ နို့ဆီ ၇၈ တန်ကျော်(၄၁ဝ၁ သေတ္တာ) နဲ့ ကန်ဒေါ်လာ ၁၃ဝ၇၅၁ တန်ဖိုးရှိ နို့စိမ်း ၁၃၈ တန် (၇၃ဝဝ သေတ္တာ) အသွင်းရှိခဲ့ပါတယ်။                     မူဆယ်နယ်စပ်မှတော့ ယခုအပတ် မှာ နို့မှုန့်တင်သွင်းခြင်း မရှိခဲ့ပါဘူး။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ                  နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်   နို့ဆီလက်လီဈေး          ကျပ်/တစ်ဘူး                           ရန်ကုန် မန္တလေး ဒွန်း( နို့ဆီ )              ၇ဝဝ    ၈ဝဝ ဒွန်း( နို့စိမ်း)              ၆၄ဝ    ၇ဝဝ Falcon နို့ဆီ               ၅၅ဝ      - Falcon  နို့စိမ်း             ၄၉ဝ      - ဝမ်းတီးနို့ဆီ               ၆ဝဝ    ၇ဝဝ အိုကေ( နို့ဆီ)             ၆၅ဝ    ၇ဝ၅ အိုကေ( နို့စိမ်း)            ၆ဝဝ    ၇ဝ၅ MIRT (DOT)