ဘိလပ်မြေမျိုးစုံတန်ချိန် ခြောက်သောင်းနီးပါးတင်သွင်း သြဂုတ်လတတိယပတ်ဖြစ်တဲ့ သြဂုတ် ၁၄ ရက်မှ ၂ဝ ရက်တာ ကာလ အတွင်း ဘိလပ်မြေတန်ချိန် ၅၉၈၃၁ ဒသမ ဝ၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅ဝ၇၃၂၁၉ ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ မလေးရှားနိုင်ငံမှ Blue Lion တံဆိပ် ဘိလပ်မြေတန်ချိန် ၅ဝဝဝ၊ စင်ကာပူနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၁၉၄၄၉ ဒသမ ဝ၇ ၊ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၂၉၄ဝဝ ၊MOUNTAIN တံဆိပ် ဘိလပ်မြေ တန်ချိန် ၄၄ဝဝနဲ့ အခြားဘိလပ်မြေ တန်ချိန် ၁၅၈၂ အသီးသီး မှာယူ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်များက ဆင်တံဆိပ်နဲ့ စိန်တံဆိပ်တွေ သွင်းခဲ့ ပေမဲ့ ဒီသီတင်းပတ်မှာတော့ တံဆိပ်မျိုးစုံတင်သွင်းလာတာ တွေ့ရပါတယ်။ သြဂုတ် လအတွင်း ပထမသီတင်းပတ်မှာ တန်ချိန်နှစ်သောင်း ခြောက်ထောင်ကျော် တင် သွင်းခဲ့ပြီး ဒုတိယပတ်မှာ တန်ချိန်လေးသောင်း တစ်ထောင်ကျော်နဲ့ ယခု တတိယ သီတင်းပတ်မှာ ငါးသောင်းကိုးထောင်ကျော် တင်သွင်းလာတာကြောင့် တစ်ပတ်ပြီး တစ်ပတ် သွင်းအားကောင်းကောင်းနဲ့ တင်သွင်းလာတာတွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေ တန် ၁၂၆ဝ ခန့် အသွင်းရှိ သြဂုတ် ၁၇ ရက်မှ ၂၃ ရက်ထိ ရက်သတ္တပတ်အတွင်း နယ်စပ်စခန်းများ ဖြစ်တဲ့ ကန်ပိုက်တီး၊ တာချီလိတ်နဲ့ မြိတ်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၁ဝ၂ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၁၂၅၈ တန် အသွင်းရှိခဲ့ပါတယ်။ နယ်စပ် အလိုက် တင်သွင်းမှုတွေကတော့ တာချီလိတ်မှ ၇၆၃ တန် ၊ မြိတ်မှ တန် ၂၅ဝ နဲ့ ကန်ပိုက်တီးမှ ၂၄၅ တန် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၃၁၇ တန် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ မြိတ်မှ တန် ၃ဝဝ နဲ့ ကန်ပိုက်တီးမှ တန် ၅ဝ တင်သွင်းမှု ပိုမိုသော်လည်း တာချီလိတ်မှ ၆၁ တန် လျော့နည်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၇ဝဝ ၄၇ဝဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၆၇၅ ၄၆၇၅ ဘိလပ်မြေ (မောင်းတိန်း) ၄၆ဝဝ ၄၆ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆ဝဝဝ ၆ဝဝဝ ဘိလပ်မြေ (AAA) ၅၄၅ဝ ၅၅ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၄၈၅ဝ ၅ဝဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၃ဝဝ ၄၃ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ၅၁ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၆ဝဝ ၄၆ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၅ဝဝ ၅၅ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ၄၈ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၂ဝဝ ၅၇ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၂ဝဝ ၆ဝဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၄ဝဝ ၅၄ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၉ဝဝ ၅၉ဝဝ ဘိလပ်မြေ(နဂါး) ၅၃ဝဝ ၅၃ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၄ဝဝ ၅၄ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၇၅ဝ ၃၇၅ဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၂၅ဝ ၅၂၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ၆ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) - ၄၅ဝဝ - ဘိလပ်မြေ(ကြံ့)ထိုင်း ၆၅ဝဝ ၆၅ဝဝ MIRT (MAPT)
Background