မတ်ပဲစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၅၃၂ဝဝဝ ၅၄၂ဝဝဝ၂ မုံရွာ ၁ ပိဿာ ၇၇၅ ၇၅ဝ၃ ပြည် ၁ ပိဿာ ၈၄ဝ ၇၉၅၄ ဟင်္သာတ ၁ ပိဿာ ၈၂၅ ၈ဝ၅၅ မန္တလေး ၁ ပိဿာ ၇၆၇ ၇၅ဝမတ်ပဲဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ် ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) က ဈေး လှုပ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဈေးကွက်စဖွင့် ချိန်မှာ မတ်ပဲ (RC) ကိုအိတ်စပို့ဝယ်လက်တွေက တစ်တန်ကို ၅၁၅၅ဝဝ ကျပ်နဲ့ အဝယ်ရှိရာမှ ရန်ကုန်ဈေးကွက်တွင် ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးကျဆင်းလာတာကြောင့် ၂၃-၈- ၂ဝ၁၁ နေ့မှာ ၄၉၃ဝဝဝ ကျပ်သို့ ဈေးဆင်းခဲ့ပြီး နောက်ပိုင်းရက်တွေ မှာ ဒေါ်လာဈေးပြန်မြင့်လာတာကြောင့် ၂၄-၈-၂ဝ၁၁ နေ့မှာ ၅၂ဝဝဝဝ ကျပ်သို့ ဈေးပြန်မြင့်လာတာကာ ၂၅-၈-၂ဝ၁၁ နေ့မှာ တော့ ၅၄၂ဝဝဝ ကျပ်အထိ ထပ်မံဈေးမြင့်လာပြီး အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲကုန်သည်ကြီးတစ်ဦးက ဒေါ်လာ ဈေးက အတက်အကျမြန်နေ၍ ပဲဈေးလည်း လှုပ်နေကြောင်း၊ ဒါကြောင့် ရောင်းရေးဝယ်တာမှာ အလွန်သတိထားနေရကြောင်း ဆို ပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏကတော့ တစ်ပတ်အတွင်း တန်ချိန် ၅၆၃၅ ခန့်ရှိကြောင်းသိရပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ဒေသတွင်းပဲခွဲစက်များက ဝယ်အားပုံမှန်ရှိပေ မယ့် ရန်ကုန်အဆွဲနည်းတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်ကျနေတယ်လို့ သိရပါတယ်။အရောင်းအဝယ်ဖြစ်မှုက တော့ တစ်ပိဿာကို ၇၅ဝ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဟင်္သာတ ဈေး ကွက်မှာ မတ်ပဲ(ကုန်ကြမ်း) ကို ဈေးကွက်စဖွင့်ရက်များမှာ ရန်ကုန် ဝယ်လက်က တစ်ပိဿာကို ၇၇၅ ကျပ် (တစ်တန်ကို ၄၇၄၆ဝ၂ ကျပ်)နဲ့ အဝယ်ရှိရာကနောက် ပိုင်းရက်များတွင် ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိတာကြောင့် တစ်ပိဿာကို ၇၅ဝ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်)သို့ဈေးဆင်း ခဲ့ပြီး ၂၅-၈-၂ဝ၁၁ နေ့မှာတော့ ရန်ကုန် ဈေးကွက်မှာ ဒေါ်လာဈေး မြင့်လာတဲ့အပေါ် ဝယ်လက်တွေက ဈေးပေးအဝယ်ရှိတာကြောင့် တစ်ပိဿာကို ၈ဝ၅ ကျပ်(တစ်တန်ကို ၄၉၂၉၇၃ ကျပ်)သို့ဈေးမြင့်လာပြီး အရောင်းအဝယ်ဖြစ်ခဲ့ပါတယ် ။ဒေါ်လာဈေး ပြန်မြင့်လာသောကြောင့် လှောင်လက်တွေ အရောင်း များလာသလို ရန်ကုန်အဆွဲလည်း သွက်လာကြောင်း မြို့ခံကုန်သည် တစ်ဦးက ဆိုပါတယ်။
Background